Destiny P-7

193 6 0
                                    

ထိုနေ့တွင် မောင့်ရဲ့ အလုပ်သင်ဘဝစတင်လာခဲ့သည် ကောင်းရဲ့နှလုံးသားကို အပိုင်ယူဖို့လည်း စတင်လာခဲ့ခြင်းဖြစ်သည်

" အား ပင်ပန်းလိုက်တာ ! "

"ဟမ် ငါနားကြားများမှားတာလား
ငါ မင်းကိုဒီနေ့ဘာမှတောင် သိပ်မသင်ပေးရသေးဘူးလေ အစပိုင်းတောင် ပင်ပန်းနေတယ်ဆိုရင် နောက်ပိုင်းဆို မင်းအတွက်လွယ်ပါ့မလား ဟမ် "

"ကျွန်တော့်အတွက်က လွယ်ပါတယ် ဒါပေမယ့် တစုံတယောက်အတွက်တော့ လွယ်မယ်မထင်ဘူး တ‌စ်ယောက်သောသူက ခနခန အတိတ်မေ့သလိုလုပ်နေတော့ နောက်ဆို သူ့အတွက်ရင်လေးတယ် "

"ဘာ ဘာတွေပြောနေတာလဲ
ဘယ်သူက အတိတ်မေ့နေသလို လုပ်နေလို့လဲ မင်း မင်းစကားပြောတာကြည့်ပြော မင်းစကားတွေက အနှောင့်အသွားမလွတ်ဘူး"
ကောင်း ရှက်သလိုလိုခံစားလာရသည်

‌ပြောပါတယ် တဂယ်ရင်လေးပါ
တယ်လို့ " ကျွန်တော့်က်ိုကြည့် " ရုတ်တရက်ဆိုသလို မောင်တစ်ယောက် ကောင်းရဲ့မျက်နှာနားသို့ ကပ်လိုက်သည်

" ကျွန်တော့်နာမည် ဘယ်လိုခေါ်လဲ "

" မင်းနာမည်ကို မင်းမမှတ်မိနိုင်လောက် အောင် ဦးနှောက်ပျက်သွားတာလား ဟမ် အရူးလို လာမမေးစမ်းနဲ့ "

" ကြိုက်တယ် အရမ်းစွာပြီး
ကတ်ကတ်လန်ဖြစ်နေတဲ့အကို့ပုံစံလေး အရမ်းချစ်စရာကောင်းတယ် သိရဲ့လား "

မင်းဇေယျာမောင် ! ကောင်းရဲ့
အသံသည် အနဲငယ် မာန်ပါနေသည် သို့သော် ရှက်စိတ်တော့ ပျောက်မသွားပေ

"နောက်ဆုံးတော့ ထွက်လာပြီဘဲ
အွန်း ဟုတ်တယ် ကျွန်တော့်နာမည်
မင်းဇေယျာမောင် ဒါပေမယ့်
ကျွန်တော်အကို့ကို ခေါ်ခိုင်းတာက နာမည်အပြည့်အစုံမှ မဟုတ်တာ "

" ကျွန်တော် အကို့ကိုပြောရတာလည်း အာပေါက်နေပီ တခြားသူတွေတောင် ကျွန်တော့်ကို မောင် လို့ ခေါ်ကြတယ် အကိုတစ်ယောက်ဘဲ နာမည်အပြည့်အစုံကြီးကို ခေါ်နေတာမခေါ်ရဲလို့လား ဒါမှမဟုတ် ရှက်လို့လား"

"တော် တော်လိုက်တော့ ငါကဘာလို့မခေါ်ရဲရမှာလဲ ပြီး ပြီးတော့ ဘာရှက်စရာလိုလို့လဲ"

Destiny Where stories live. Discover now