Destiny P - 47

100 6 2
                                    

အင့် ဟင့် အင့် ဝဲ .....ဝဲ..

“ ခင်များ ဘာဖြစ်နေတာလဲ ဦးမင်းကိုကို ”

မျက်ဝန်းထဲတွင် မျက်ရည်အပြည့်ဖြင့် သုခတစ်ယောက် သားကိုပွေ့ချီရင်း အခန်းပြင်ထွက်လာလိုက်သည်။

“ ကျွန်တော်ပြောတာမှားလို့လား။” ဟင့် အင့်

“ မင်းပြောတာ မမှားပါဘူး၊ ငါ့လုပ်ရက်က သားကိုထိခိုက်စေနိုင်တာလည်း မှန်တယ်၊ အေး ငါလည်း အဲ့ဒီအတွက်တောင်းပန်ပြီး နောက်ဆင်ခြင်မယ်လို့ပြောတယ်လေ။ ”

“ ခင်များမှားတာကို ဘာလို့ ကျွန်တော့်ကို လာအော်နေတာလဲ!!! ”

ဝြဲ......ဝဲ.....

“ ‌ကျွတ် ကျွတ် ကျွတ် သားလေး ဘာမှမဖြစ်ဘူးနော်။ မငိုနဲ့.........မင်းဒယ်ဒီက ဖေဖေ့ကိုမချစ်တော့ဘူး။ ”

“ကျစ် ကလေးကို ဘာတွေပြောနေတာလဲ။ ဒီကလေးက ဘာသိသေးမှာလဲ ဟမ်။ ”

“ အော်စရာမလိုဘူးလို့ ပြောထားတယ်နော်!!! ”

ဝဲ.......ဝြဲ.....

ကျစ်***

မင်းကိုကို သုခလက်ထဲက သားကိုခေါ်မည်အလုပ် သုခ နောက်ဆုတ်ကာ ခါထုတ်လိုက်သည်။

“ ခင်များဆီက ဆေးလိပ်နံ့ရနေတုန်းဘဲ သားနားမကပ်နဲ့။ ”

“ မင်းဘာဖြစ်နေတာလဲ!! ”

“ ငါမင်းကိုတခုခုလုပ်မိတော့မယ်။ ”

“ လုပ်လေ လုပ်ရဲရင်လုပ်ကြည့်လိုက်လေ။ အရင်တုန်းကသာ ခင်များလုပ်သမျှခံရင်ခံမယ်၊ အခုတော့ ကျွန်တော့်မှာ သားရှိနေပြီ။ လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်မထင်နဲ့။ ”

“ ဟ မင်းပြောနေတာက သားကငါ့သား မဟုတ်တဲ့အတိုင်းဘဲ။ သူရိန်ကိုကို က ငါ့အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ငါ့သွေးသားအရင်းကွ၊ မင်းချစ်တာထက် မပိုရင်တောင် မင်းချစ်တာထက်တော့ မလျှော့ဘူး။  သားကို ဘာကအန္တရာယ်ဖြစ်စေနိုင်တယ်၊ ဘာကထိခိုက်စေနိုင်လည်းဆိုတာ ငါအကုန်သိတယ်။ မင်းက မွေးပေးထားတဲ့သူမို့  မင်းသာလျှင် အကုန်သိ၊ အကုန်တတ်နေတယ် မထင်နဲ့။ ”

မင်းကိုကိုရဲ့ အပြုအမူတွေကို သုခနားမလည်နိုင်တော့။ ခါတိုင်းဆို သုခဘာပြောပြော အမြဲခေါင်းညိမ့်နေတဲ့သူက အခုတော့......

Destiny Where stories live. Discover now