Destiny P-17

117 4 0
                                    

ဟယ်လို ! နွယ်

ဟယ်လို ကိုအောင် နွယ်တို့ခနနေရောက်မယ်နော် အခုဘဲ သားကြီးကိုသူတည်းမယ့် ဟိုတယ်ဆီလိုက်ပို့ပေးမလို့

ဘာလို့လဲ သူကကိုယ်တို့နဲ့နေဖို့အဆင်မပြေလို့လား

မဟုတ်ပါဘူး သူကဟိုတယ်မှာနေရတာပိုအဆင်ပြေမယ်ထင်လို့ပါ ဒါနဲ့ နွယ်တို့လာနေမှာကို သားလေးရောသိထားလား

သားကိုတော့နွယ် ပြန်လာမှာကိုဘဲပြောထားတယ် ကိုယ်တို့နဲ့အတူလာနေမှာကိုတော့မပြောထားဘူး

နွယ့်ကိုအခုထိစိတ်ဆိုးနေတုန်းဘဲနဲ့တူတယ် နွယ်အပြစ်တွေပါ သားလေးအခုလိုနွယ့်ကိုမုန်းနေတာက နွယ့်အပြစ်တွေချည်းပါဘဲ

မဟုတ်ပါဘူး ကိုယ်လည်းသားလိုဘဲ နွယ့်ကိုအပြစ်တင်ခဲ့မိတယ် နွယ့်ကိုအထင်လွဲမိခဲ့တယ် ဒါပေမယ့် အဖြစ်မှန်ကိုသိပြီးတဲ့နောက်မှာတော့ ကိုယ်နွယ့်ကိုအပြစ်မတင်ရက်ပါဘူး ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်မိတယ် နွယ့်ကိုမယုံကြည်ခဲ့မိဘူး နွယ့်အတွက်ကိုယ်မရှိပေးနိုင်ခဲ့ဘူး နွယ့်ကိုအမြဲဝမ်းနည်းရအောင် ပင်ပန်းရအောင်ဘဲလုပ်မိခဲ့တယ် သားလေးစိတ်ဒဏ်ရာရခဲ့တာကိုယ့်အမှားလည်းပါ ပါတယ်

နွယ်တို့ သားလေးကိုအတူရှင်းပြကြမယ်နော် ပြီးရင် အရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေသွားကြမယ် နွယ့်ရဲ့မိသားစုဝင်အသစ်တွေနဲ့ရော

အင်းပါ ကိုယ်စောင့်နေမယ်နော် ခနနေတွေ့မယ် နွယ်

ဦးမင်းဇေယျာအောင်နဲ့ ဖုန်းပြောအပြီးတွင်  မင်းကိုကို တည်းမည့်ဟိုတယ်ဆီသို့ရောက်လာခဲ့သည်

“ ကိုကို တဂယ်ဘဲ ကေစီတို့နဲ့ လိုက်မနေဘူးလား ”

“ ကေစီ ဟိုမှာနေရတာအဆင်မပြေရင် ငါ့ကိုဖုန်းဆက် ငါချက်ချင်းလာခေါ်မယ်ကြားလား ”

“ အွန်း ကေစီ့ဆီတော့ လာလည်မယ်မှတ်လား ” ညိုးငယ်သော‌မျက်နှာလေးဖြင့် အကိုဖြစ်သူကို ချွဲနေတော့သည်

“ ငါကရူးနေလို့ နင့်ကိုတစ်ယောက်ထဲပစ်ထားရမှာလား ငါ့ကိုကတိပေး ဟိုမှာနေရတာမပျော်ဘူးဆိုရင် ငါနဲ့အတူလာနေရမယ် ကြားလား ”

Destiny Where stories live. Discover now