Destiny P - 67

41 2 0
                                    

ဇာတ်လမ်းတွဲထဲကလို မောင်တို့ကို ဝမ်းသာအားရ ဂုဏ်ပြုပေးမယ့် မိဘတွေမရှိပေမယ့် မောင်ကတိပေးတယ် အကိုက ကမ္ဘာပေါ်မှာအပျော်ရွှင်ရဆုံးသူ ဖြစ်စေရမယ်၊ မောင့်ရဲ့အချစ်ဆုံး ဇနီးမယားလေးကို မောင့်အသက်ထက်ပိုချစ်ပါ့မယ်လို့ ကတိပေးတယ်။

ဒီနေ့က မောင် ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းပြီး 8ရက်မြောက်တဲ့နေ့၊ တခြားနေ့တွေလိုဘဲ ဘာမှတော့ ထူးခြားမနေပေမယ့် မောင်က ခန်းဝင်ပစ္စည်းတွေ သွားဝယ်ချင်တယ်ဆိုလို့ မနက်ကတည်းက ပြာပြာသလဲ အတင်းနှိုးပြီး ပြင်ဆင်ခိုင်းထားလို့ အခုပြင်ဆင်ပြီးစောင့်နေတာ။ ကောင်းကင်က သိပ်တော့မကြည်လင်ဘူး၊ မိုးအုံ့ပြီး မိုးဖွဲဖွဲလေးလည်း ကျနေတယ်။

" မောင်ရေ မင်းမပြီးသေးဘူးလားကွာ တမနက်လုံး ဘာတွေအလုပ်ရှုပ်နေလို့ အခုမှရေချိုး.......ရတာလဲ ငါ့ကျ အလောတကြီးနိုးပြီးတော့ "

ကောင်းသက်ရှိန် စကားပင်မပြီးခင် မင်းဇေယျာမောင်တစ်ယောက် ခါးတွင်တဘက်အဖြူပတ်ကာ ရေချိုးခန်းထဲကထွက်လာလေသည်။

" ဝတ်ရမယ့်အဝတ်အစား ထုတ်မပေးထားဘူးလား "

ကောင်းပြောတာကိုပင် ဂရုပြုမိဟန်မပေါ်ပါ၊ ရေတစက်စက်ကျသော ဆံပင်တို့ကို လက်ဖြင့် ခပ်ဖွဖွလေးဖွာလိုက်ပြီး ကောင်းရှိရာ ကုတင်ဆီသို့ လျှောက်လာလိုက်သည်။

" ဆံပင်ကို အရင်ခြောက်အောင်သွားသုတ် ရေချိုးခန်းထဲမှာ ခေါင်းသုတ်ဖို့တဘက်ထားပေးထားတယ်လေ ဘာလို့မသုတ်ဘဲရေတစက်စက်နဲ့ ထွက်လာတာလဲ ဘယ်လောက်ပြောပြောမှတ်မထားဘူး "

အအိပ်ကောင်းနေတဲ့အချိန် ဘေးကနေတဂျီဂျီနဲ့ လာနှိုးနေတာကြောင့် မထချင်ဘဲထလိုက်ရသော မနက်ခင်းကြောင့် အိပ်ရေးမဝသော ကောင်းသက်ရှိန်တစ်ယောက် စိတ်မကြည်တော့ပါ။

" မသုတ်ချင်လို့‌ဗျာ မသုတ်တာ ဘာဖြစ်လဲ dryer နဲ့မှုတ်ပေး "

လူကိုလာမချော့သည်အပြင် ရွဲ့ပြီး ဆံပင်ကို လက်ဖြင့်ဖွာနေတာကြောင့် ရေစက်တို့က ကောင်းသက်ရှိန်ကို လာစင်လေသည်။

" မင်းဇေယျာမောင်!! ငါ့ကို စောစောစီးစီး လာမဆွစမ်းနဲ့၊ ခေါင်းကအစိုကြီးရှိသေးတာကို တဘက်လေးနဲ့ နဲနဲ ရေဖန့်အောင်သုတ်ပြီးမှ dryerမှုတ်ရမှာပေါ့ မဟုတ်ရင် ခေါင်းကိုက်လိမ့်မယ် "

You've reached the end of published parts.

⏰ Last updated: Oct 02 ⏰

Add this story to your Library to get notified about new parts!

Destiny Where stories live. Discover now