Destiny P-19

117 5 0
                                    

အခန်းကျယ်ကြီးထဲတွင် တစ်ယောက်ကကြမ်းပြင်ပေါ်လဲကျနေကာ တစ်ယောက်ကတော့ထိုလဲကျနေသောသူကိုခုတင်ပေါ်မှကြည့်နေလေသည်။ သူတစ်ပါးနာကျင်ခံစားနေသည်ကိုအရသာခံကြည့်ရှုနေခြင်းသည် ပုံမှန်လူတစ်ယောက်၏လက္ခဏာလားဆိုတာမသဲကွဲတော့ပေ။

ကူညီပေးပါ* လဲကျနေသောသူထံမှတိုးညှင်းစွာထွက်ပေါ်လာသောစကားသံ သို့ပေမယ့် မင်းကိုကိုအနေဖြင့်ကူညီမယ့်ပုံတော့မပေါ်

“ စကားသံတောင်ထွက်လာနိုင်သေးတယ်ဆိုရင် မင်းအဆင်ပြေပါသေးတယ် ဟုတ်တယ်မလား ”

“ တောင်းပန်ပါတယ် ကျွန်တော်မရတော့ဘူး အာ့* အရမ်းနာနေပြီမို့ ကူညီပေးပါ ”

“ ငါ့ကိုမင်းဘိုးတော်တွေလိုမျိုးထင်နေတာလား လိုချင်တာရှိရင်ပြေးကပ်ပြီး လိုချင်တာရသွားရင်ခွာထုတ်မယ်ပေါ့ ဟုတ်လား ငါမရှိတုန်း…မင်းဘယ်နှစ်ယောက်ဆီမှာဖင်ခံပြီးပြီလဲဟမ် မင်းကငါ့ကိုမင်းကိုဘဲတွယ်ကပ်နေတဲ့ ကပ်ပါးကောင်ဆိုပြီးထင်နေတာလား အမှန်တော့မင်းကမှသူများတွေကိုလိုက်တွယ်ကပ်နေတဲ့ကပ်ပါးကောင်ကွ ချူစားတာလား ဟား ရီရတယ်ကွာ ချုစားတဲ့သူတွေထဲမှာဒီလောက်မာန‌တစ်ခွဲသားနဲ့ဘဝင်မြင့်နေတဲ့ကောင်တစ်ကောင်ဘဲတွေ့ဖူးတယ် ဘာလဲအိပ်စားဖြဲခံ ဆိုတော်ရောပေါ့ စောက်ကျက်သရေတုန်းအောင်ဘဝင်မြင့်နေသေးတယ် ငါကလေဒီညပျော်စရာညလေးဖန်တီးမယ်ဆိုပြီးစီစဉ်နေတာ ဒါမယ့်အခုကျတော့ငါပင်ပန်းတာဘဲအဖတ်တင်တယ် ငါမရှိတဲ့အချိန်လူပေါင်းသောင်းခြောက်ထောင်နဲ့အတူအိပ်နေတဲ့မင်းက ရောဂါတွေသယ်ဆောင်လာမလားဆိုတာငါမသိနိုင်ဘူးလေ ဟုတ်တယ်မလား အဲ့တော့မင်းဆီကနေညစ်ပတ်တာတွေကူးဖို့က ငါ့အဆင့်နဲ့ဆိုငါသိက္ခာကျတယ်လေ ”

“ တီ…အခန်းနံပါတ်69ကပါ ”

“ ဟုတ်ကဲ့ပါလူကြီးမင်း ဘာများလိုအပ်ပါသလဲခင်မျ ”

“ အခန်းထဲမှာအမှိုက်တွေတအားပွပြီးရှုပ်နေလို့ အခုချက်ချင်းလာရှင်းပေးနိုင်မလား ပြီးတော့ဘယ်ကမှန်းမသိတဲ့ခွေးတစ်ကောင်လဲအခန်းထဲရောက်နေတယ် မြန်မြန်လာရှင်းပေးလို့ရမလား ”

Destiny Where stories live. Discover now