1

5.8K 358 75
                                    

"ကျွန်တော်တို့ company ရဲ့နှစ်ပတ်လည်ပွဲနေ့မှာ တက်ရောက်လာကြတဲ့ လူကြီးမင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် အားလုံးရှေ့လျှောက်လဲကျွန်တော်နဲ့အတူ အခုလိုမျိုးကြိုးစားပေးကြပါအုန်းလို့ ဒီနေရာကနေမေတ္တာရပ်ခံချင်ပါတယ်"

မည်းနက်နက်မျက်ခုံးတန်းများအောက်က စူးလဲ့လဲ့ မျက်ဝန်းတစ်စုံဟာ တည်​ကြည်မှု ထက်မြက်မှု မာန်တင်းမှု ကိုဖော်ဆောင်နေပြီး တိပသေသပ်နေတဲ့နှုတ်ခမ်းပါးစီက ထွက်လာတဲ့အသံမှာ ရဲရင့်ပြတ်သားမှု သြဇာသက်ရောက်မှု တိကျသေချာမှု တွေ ထင်ဟပ်လို့နေသည်။ ချောမောခန့်ညားမှုက မီးရောင် ၊cameraရောင်တလက်လက်ကြားမှာ ခန့်ညားထည်ဝါစွာ

အိမ်ထောင်ရှိ ကလေးတစ်ယောက်အဖေဆိုပေမဲ့ အမျိုးသမီးထုကြားမှာ အခုအချိန်ထိရေပန်းစားတုန်း မိန်းက​လေး​တွေကို ဆွဲဆောင်နိုင်တဲ့ မျက်နှာချောချောကအခုအချိန်ထိ No.1ဆိုတဲ့နေရာမှာ နေရာယူထားဆဲ ထိုသူကား Three J groupရဲ့ CEO Jeon jungkook ဆိုသူပင်

"CEO Jeonကိုတော့ တကယ်ချီးကျူးတယ်ဗျာစီးပွားရေးမှာဆိုလဲ ထူးချွန်ထက်မြတ်သလို အိမ်ထောင်ရေးမှာလဲလူအများအားကျရလောက်တဲ့မိန်းမချောချောလေးနဲ့ ချစ်စရာသားလေးကလဲရနေပြီးဆိုတော့ ဘာလိုသေး
လဲဗျာ "

"CEO Jeon ကိုဘုရားသခင်ကမနာလိုချင်စရာကောင်းတဲ့ ဘဝမျိုးပေးထားတာပဲ အားကျတယ်ဗျာ"

"အဲ့လောက်လဲမဟုတ်ပါဘူးဗျာ"

လုပ်ဖော်ကိုင်ဖက်တွေရဲ့ချီးကျူးမူက သူ့ကို စိတ်ပျော်ရွှင်မူ မပေးစွမ်းနိုင်ပေမဲ့ ဟန်လုပ်၍သာ ပြုံးထားရသည်။

"ကိုယ်"

ခန်းမထဲသို့ ဝင်လာတဲ့သူမရဲ့ အသံကြောင့် camera တွေရဲ့ ဦးတည်ရာက သူမစီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေနဲ့ ကိုက်ညီစွာ အနီရောင် လက်ပြတ်ဂါဝန်အရှည်ကို စိန်လည်ဆွဲတစ်ခုနဲ့ ပနံသင့်စွာ ဝတ်ဆင်ထားတဲ့ သူမအလှဟာ မီးရောင်အောက်မှာ လှပကျော့ရှင်းစွာ အားလုံးရဲ့စိတ်အာရုံကိုဖမ်းစားနိုင်ခဲ့သည်။

"မွ congratulation ပါ"

သူမရဲ့အနမ်းတစ်ပွင့်ကြောင့် slightမီးရောင်က သူတို့နှစ်ယောက် ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာပြီး ခန်းမထဲကလူအများ၏လက်ခုပ်တီးသံက ဝေဝေဆာဆာ

သူဖန်ဆင်းသော (completed)Where stories live. Discover now