2

3K 311 51
                                    

ညက Jeon အိမ်တော်တွင်အိပ်၍မပျော်သောသူ နှစ်ယောက်ရှိခဲ့လေသည်။

seokjin တစ်ညလုံးအိပ်မပျော်နိုင် ဦးစိတ်တိုကြီးက သူ့လည်ပင်းကို လာလာညှစ်သည် ဟုအိမ်မက်ကာ ခဏခဏလန့်နိုးနေသည်မို့ သူကြာတော့အိပ်ရမှာကိုတောင်ကြောက်လာတော့သည်။

ထိုအိမ်မက် မက်လဲမက်ချင်စရာလေ ထိုလူကြီးနဲ့ အခန်းချင်းကပ်လျက်ဆိုတဲ့အသိက လူကို ကျောချမ်းစေရုံသာမက နှလုံးတုန် ရင်ခုန်ကာ သွေးလေ ခြောက်ခြားစေသည်။

အစက​တော့သူ့အခန်းက ​​အောက်ထပ်မှာပါ အိမ်အကူအဒေါ် ကြီးနဲ့ ဘေးအခန်းမှာနေဖို့ ဒီအိမ်ရဲ့သခင်မကိုယ်တိုင်စီမံပေးသွားခဲ့တာ သို့သော် ဟိုလူကြီး ပြန်ရောက်လာချိန်မှာတော့ သူ့အခန်းကအောက်ထပ်ကနေအပေါ်ထပ်သို့ ပြောင်းသွားခဲ့ရသည်။ အခုဆိုသူက Bokiလေးနဲ့ ဟိုလူကြီးရဲ့ ကြားအခန်းမှာ နေနေရတာဖြစ်သည်။

ဘာတဲ့ လူကိုခြိမ်းခြောက်သွားလိုက်တာများ ""မင်းလဲငါ့ကို အနီးကပ်လေ့လာဖို့လိုသလို ငါလဲမင်းကို အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်ဆိုတော့ မင်းငါ့ဘေးအခန်းမှာပြောင်းနေပေးရမယ်""တဲ့ ဟာသပဲ မသိရင်သူနဲ့ငါက မိဘချင်းသဘောတူထားလို့ အနီးကပ်လေ့လာနေရသလိုလိုမျိုးနဲ့

အဒေါ် ကြီးပြောပြသလောက် သိရသမျှတော့ ဒီအိမ်က သခင်လေးနဲ့ သခင်မက အဆင်မပြေကြဘူးတဲ့ တစ်ယောက် ပျော့ကွက်၊ အားနည်းချက်ကို တစ်ယောက်က​စောင့်ကြည့် အပြစ်ရှာ နေကြတဲ့ ဆက်ဆံရေးမျိုးတဲ့

သူဖန်သားပြင်မှာမြင်နေကျ ကတော့အဲ့လိုမဟုတ်ပါဘူး တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပြီး ချစ်စရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်ကြည်နူးစရာစုံတွဲဆိုပြီး မီဒီယာမှာ လူသိများသည်မဟုတ်လား ဒါဆိုအဲ့ဒါတွေက အလိမ်အညာတွေပေါ့ အော်ငွေကြေးပြည့်စုံသူတွေရဲ့ဘဝကလဲ ထင်သလောက်မရိုးရှင်းဘူးကို၊ သူ ညက တစ်ညလုံး ထိုလူကြီးရဲ့ အကြောင်းတွေသာ သူ့ခေါင်းထဲ​ပြည့်နှက်ပြီး ညလုံးပေါက်ခဲ့သည်။

.
.
.
.

မနေ့ကတည်းက မကြည်လင်တဲ့စိတ်တွေဟာ ခုမနက်အိပ်ရာထလာတဲ့အချိန်ထိ သူ့ခေါင်းထဲ ကပ်တွယ်လို့ပါလာခဲ့သည်။
တစ်ပတ်လုံး company နှစ်ပတ်လည်ပွဲအတွက် အလုပ်ရှုပ်နေခဲ့တာမို့ သားလေးကိုကောင်းကောင်းအချိန်မပေးနိုင်ခဲ့ ဒီနေ့တော့ အလုပ်နားရက်​ဖြစ်တာမို့ သား နဲ့ အတူတူ ရှိနေပေးမယ်လို့စိတ်ကူးထားသည်။ အိပ်ပုတ်လေးက ဒီအချိန်အိပ်ရာနိုးပါအုန်းမလား၊ ဖင်လုံးလုံးလေးနဲ့ လက်မလေးစုပ်ပြီး ကွေးကွေးလေးအိပ်နေမဲ့ သားဖြစ်သူ၏ပုံရိပ်လေးသူ့မျက်လုံးထဲပုံပေါ်လာမိတော့ သတိရစိတ်ကထိန်းမရတော့ သား ရှိရာအခန်းသို့ကူးဖို့သာပြင်လိုက်သည်။

သူဖန်ဆင်းသော (completed)Where stories live. Discover now