11🔺

4.3K 296 31
                                    


အု~~အွတ်

seokjinစိတ်တွေ ကစဥ့်ကလျားဖြစ်နေစဥ်မှာပဲ ပူနွေး စိုစွတ်တဲ့ ထိတွေမှုတစ်ခုက seokjin နှုတ်ခမ်းတွေစီ ဖိကပ်ကျလာခဲ့သည်မို့ ထိတ်လန့်လာတဲ့စိတ်တွေက တစ်ဆထက် တစ်ဆပိုပိုတိုးလို့သာ

လူ​ကြီး က သူ့ရဲ့ဖွံဖွံထွားထွားခန္တာကိုယ်ကြီးကို ငုံ့ကိုင်းပြီး သူနဲ့ အရပ်ချင်းညီစေရန်ချိန်ညှိပြီးနောက် seokjin နှုတ်ခမ်းတွေကို အသည်းအသန် နမ်းရှိုက်ပါတော့သည်။

seokjin နှုတ်ခမ်းတွေဟာ စက္ကန့် တောင်မမြည်တဲ့အချိန်ခဏလေးအတွင်း လူ​ကြီးရဲ့ နှုတ်ခမ်းနှစ်လွှာကြားထဲ တိမ်မြုပ်ပျောက်ကွယ်လို့ သွားခဲ့ပြီ

နှုတ်ခမ်းတွေကို အရှိန်ပြင်းပြင်းနဲ့ စုပ်ယူနေလိုက်တာများ ပန်းဝတ်မှုန်တွေ လာစုပ်တဲ့ ပျားပိတုန်း​တွေလို၊  seokjin ထက်တောင်သေးတယ်လို့ ထင်ရတဲ့လူကြီး နှုတ်ခမ်းခပ်ပါးပါးရဲ့စုပ်ယူအားက တော်ရုံမဟုတ်

seokjin လက်တွေက လူ​ကြီးရဲ့ လက်တစ်ဖက်တည်းရဲ့ ထိန်းချုပ်အားကိုမတွန်းလှန်နိုင် ရုန်းချင်တာတောင် ရုန်းဆန်လို့မရအောင် seokjinခန္တာကိုယ်ကို နံရံနဲ့ သူ့ခန္တာကိုယ်ကြီးကြား ဖိကပ်ထိန်းချုပ်ထားတာမို့ လူကပိုက်ကွန်ထဲမှာမိနေတဲ့ ငါး​လေးတစ်ကောင်လို မထွန့်သာမလူးသာ

အင့် ~~အင့်

မျက်နှာနှစ်ခုထိစက်မှုကဖောက်ဝင်တော့မတတ် သူ့နှာခေါင်းတွေက လူ​ကြီးရဲ့ ပါးပြင်နဲ့ အပ်ကာ ဖိမိထားသည်ကြောင့် seokjin အသက်ရှူလို့ ပါမဝတော့၊ နှုတ်ခမ်းကရော နှာခေါင်းကပါ အသက်ရှူ၍ မရတော့သောအခါ လူကပျော့ခွေလို့လာ ပြီ ဖြစ်သည်။

ထိုအခါမှ အရိုင်းဆန်နေတဲ့လူ​ကြီးက သူ့အခြေအနေကို သိ၍လား လူ​ကြီး ကိုယ်တိုင်အသက်ရှူကျပ်လာလို့လားမသိ သူ့နှုတ်ခမ်းမှာ ဖိကပ်ထားတဲ့ လူကြီး နှုတ်ခမ်းလွှာတွေ မလွှတ်ချင် လွှတ်ချင်နှင့် ခဏလွှတ်ပေးလာသည်။ သူလဲထိုအခါမှ အချိန်​ကြာကြာ အသက်ရှူကျပ်ခြင်းဒဏ်ကို ပြန်လည်ဖြည့်တင်းဖို့ အခန်းထဲက လေတွေ အကုန်လုံးကို လောဘကြီးကြီးနဲ့ အမောသခေါ ရှူနေမိသည်

သူဖန်ဆင်းသော (completed)Where stories live. Discover now