3

2.8K 324 42
                                    

ခလွမ်!!

"Boki ဘာလို့လဲ စားမကောင်းဘူးလား"

ထမင်းစားပွဲမှာ ကိုင်ထားတဲ့ တူနဲ့ ခရွင်းကို လွှတ်ချလိုက်တဲ့ bokiလေးကို အဖေဖြစ်သူမှ ပျာပျာသလဲမေးနေခြင်းသာ seokjinထိုလူကြီးကို ကြည့်နေတာ တခြားလူတွေအပေါ် သာ အေးစက်စက်နဲ့ဆက်ဆံတတ်ပေမဲ့ သားဖြစ်သူကိုတော့ အတော်လေးသည်းသည်းလှုပ်ပြီး ဂရုစိုက်ပုံရသည်။

"စားမ​တောင်းဘူး ဟင်းတွေက ဘာတစ်ထုမှ အရတာ အရှိဘူး "

" သားကျန်းမာရေးအတွက်က ဒီဟင်းတွေကအသင့်တော်ဆုံးပဲလေ မဝင်ဝင်အောင် စားလိုက်ပါသားက လိမ္မာပါတယ်ကွာ"

ကလေး မစားချင်လဲ မစားချင်စရာလေ အသီးအရွက်တွေကိုရေလုံပြုတ်သလိုချက်ထားတဲ့ ဖြူဖက်ဖြူလျော်ဟင်းရည်တွေ ဆီမပါပျားမပါတဲ့ အသားတုံး ခြောက်ကပ်ကပ်တွေရယ် ပါဝင်တဲ့ဖြည့်စွက်စာတွေ၊
သူတောင်မစားချင်တဲ့ဟင်းမျိုးတွေကို ကျွေးထားတာ သူသာ boki လေး နေရာမှာဆို ပန်းကန်တွေကိုင်ပေါက်ပစ်မိမှာ

"မစားဘူး ဒါမျိုးကြီးတေ နေ့တိုင်းစားရမဲ့အစား တေသွားတာမှ တောင်းအုန်းမယ်"

"Boki သားကို ဒီလိုမဟုတ်က ဟုတ်ကစကားတွေ ဘယ်သူသင်ပေးလိုက်တာလဲ...ဟမ် "

သားပြောလိုက်တဲ့စကားဟာ သူ့ရင်ကိုကွဲရှစေတဲ့ စကားလုံးမျိုးမို့ သူ့ရင်ဘက်ထဲ တဆစ်ဆစ်နဲ့ နာသွားလိုက်တာ သုံးနှစ်တောင်မပြည့်ချင်သေးတဲ့ ကလေးက ဒီလိုစကားမျိုးကို သူ့ဘာသာသိနေစရာအကြောင်းမရှိ ကလေးရဲ့စိတ်ထဲကို စကားကြမ်းကြမ်းတွေလာထည့်ပေးတဲ့သူ ရှိလို့သာ သူမျက်လုံး ဝေ့ဝိုက်ပြီး အိမ်ထဲမှာရှိ​နေတဲ့လူ​တွေရဲ့ မျက်နှာတစ်ခုချင်းစီကိုလိုက်ကြည့်ကာ ထိုစကားရဲ့တရားခံကို ရှာနေမိသည်

သူ့အကြည့်တွေက အဒေါ် ကြီးဘေးမှာ လက်နှစ်ဖက်ကိုရှေ့သို့ယှက်ကာ ချထားသည့် ကုပ်ကုပ်လေးရပ်နေသည့် ကောင်လေးရှေ့ အရောက်မှာတော့ ဘယ်မှ ထပ်မရွေ့လျှားတော့

ငယ်ငယ်ကတည်းက သူကျွေးသမျှ မ​ငြီးမ​ငြူစားလာတဲ့ကလေးက ထို​ကောင်​လေး​ရောက်လာသည့် အချိန်အပိုင်းအ​ခြား​လေးအတွင်းမှာ ကောက်ခါငင်ကာ မစားချင်ဘူးလို့ငြင်းဆန်တာဟာ ဟိုကောင်လေး ပယောဂ ပါကိုပါရမည် ဟု့ သူတစ်ထစ်ချတွက်ကာ ပြောဖို့ဟန်အပြင်

သူဖန်ဆင်းသော (completed)Where stories live. Discover now