17

3.5K 297 41
                                    

တစ်နေ့မဟုတ်တစ်နေ့ ကျိန်းသေရှာတွေ့သွားမယ်ဆိုတာ သိထားပြီးသားပါ ဒါကြောင့် သူမအဆင်သင့် စောင့်နေခဲ့တာ ကြောက်နေလားမေးရင် နဲနဲပေါ့ ဒါပေမဲ့ သူမ နောင်တနည်းနည်း​လေး​တောင်မရခဲ့ပါဘူး။

အချိန်ကြာမြင့်စွာ နာကျည်း မုန်းတီးရင်း လက်စားချေဖို့ စောင့်နေခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ငါ့ကို ဒေါသမထွက်ပါနဲ့ Jeon jungkook နင်နဲ့ငါ့ကြားက အမုန်းတရားတွေက နင့်ဆုံးဖြတ်ချက်တစ်ခုကြောင့်စတင်ခဲ့တာမို့ နင်ငါပေးတဲ့အပြစ်ဒဏ်ကို ခံကိုခံသင့်တယ်လို့ငါထင်တယ်။

မောင် တမလွန်ကနေကြည့်နေတယ်မလား မင်း မမရဲ့ လှပတဲ့လက်စားချေမှုကြီးကို....မ တို့နှစ်ယောက်ကို သေကွဲ ကွဲစေခဲ့တဲ့ ကောင်ရဲ့ အရှက်တကွဲအကျိုးနည်းဖြစ်မှုကြီးကို တစ်ကမ္ဘာလုံးကလူတွေ အားရဝမ်းသာကြည့်လို့ရအောင် မ က ချပြမှာမို့ မောင် ကျေနပ်ပါတော့နော်

မောင်ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက အခုအချိန်အထိ သူမရင်ထဲအမြစ်တွယ်လာခဲ့တဲ့ သူမရဲ့ တစ်ဦးတည်းသောချစ်ရသူ၊ သူမ မင်းသမီးအဖြစ် မအောင်မြင်ခင်အချိန်ကတည်းက သူမအနားမှာ ရှိနေပေးခဲ့ပြီး သူမဆိုးသမျှ အနွံတာခံချစ်ပေးခဲ့တဲ့ သူ ၊ သို့သော် ကံဆိုးစွာပဲ သူမ ချစ်သူမှာ သူမကိုချစ်တဲ့ အချစ်တစ်ခုကလွဲလို့ သူမ မိဘတွေလိုချင်တဲ့ အချက်အလက်တွေနဲ့ဘာတစ်ခုမှ မပြည့်စုံခဲ့ရှာဘူး ပညာမတတ်သလို အလုပ်အကိုင်မယ်မယ်ရရရှိသူတစ်ယောက်မဟုတ်ခဲ့ဘူး အဆိုးဆုံးကတော့ လူချမ်းသာ အသိုင်းအဝိုင်း ကမွေးဖွားလာခဲ့သူတစ်ယောက် မဟုတ်ခဲ့တာပဲ။

အဲ့ဒီအခါ ထုံးစံအတိုင်း သူမဒယ်ဒီ ရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတာပေါ့ ။ ကန့်ကွက်ရုံက အကြောင်းမဟုတ်ပါဘူး နောက်ဆက်တွဲ ဇယားတွေကသာ သူမတို့ချစ်သူနှစ်ယောက်အတွက် အခက်အခဲအတားအဆီးကြီးဖြစ်ခဲ့တာ ဒယ်ဒီ ရဲ့အတ္တဆန်ဆန် အမိန့်တစ်ခုက J groupက သားဖြစ်သူနဲ့ လက်ထပ် ရမည်ဆိုတာပင်။ သူမအဲ့ဒီအချိန်တုန်းက လုံးဝလက်မခံပဲ အကြောက်အကန်ငြင်းခဲ့ပါတယ် မချစ်မနှစ်သက်သူနဲ့ လက်​ထပ်ရမဲ့အစားသေ သွားတာမှ ကောင်းလိမ့်ဦးမယ်။ ထိုအခါ သူမတစ်ဖက်လူရဲ့အားနည်းချက်ကို ရှာရင်း လက်မထပ်ရ အရေးအတွက် ကြိုးစားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူမလက်ထပ် ရမဲ့ တစ်ဖက်အမျိုးသားမှာလဲ သူမလိုပဲ ချစ်ရသူရှိနေခဲ့တယ်တဲ့လေ။

သူဖန်ဆင်းသော (completed)Where stories live. Discover now