23

2.4K 270 52
                                    

"လူကြီး ကျွန်တော်အလုပ်တစ်ခုလောက်
လုပ်ရင် ကောင်းမလားလို့"

seokjin ထိုစကားပြောချင်နေတာကြာပြီ လူကြီးစိတ်ကြည်မဲ့အချိန်ကိုစောင့်နေရ၍သာ အခုမှပြောဖြစ်တာ အရင်ကလိုခဏခဏနေမကောင်းမဖြစ်တော့တဲ့ bokiလေးကြောင့် ၂၄နာရီလုံး bokiလေးအနားနေစရာမလိုတော့ ပြီးတော့ နေ့ဘက်တွေဆို bokiလေးက မူကြိုတက်နေတာမို့ seokjinမှာညပိုင်းကလွဲရင် တစ်နေ့လုံးကအားနေတာဖြစ်သည်။ ထိုအခါ အားနေမဲ့အတူတူ အလုပ်တစ်ခုလောက် လုပ်ချင်လာမိသည်။ အရင်ကတည်းက ကိုယ့်ဘဝ ကိုယ်ကျောင်း လာခဲ့တာမို့ အလုပ်နဲ့ လက်နဲ့​ပြတ်ခဲ့တာမျိုးမရှိခဲ့တော့ အခုလိုအားနေတာကို seokjin အမှန်ပင်မနေတတ်ပေ။

"ကိုယ် ရှိနေတာကို ကလေးက ဘာလုပ်စရာလိုလို့လဲ မလုပ်ရဘူး "

"ဘာလို့လဲ ကျွန်တော်လဲ ကိုယ်ပိုင် အလုပ်တစ်ခုလောက်ရှိချင်တာကို "

"အပြင်မှာရှိနေတာ စိတ်မချဘူး ကိုယ့်မျက်စိအောက်မှာပဲ နေ"

"ဘာမှမဟုတ်ဘူး လူကိုအိမ်မှာ
တမင်တကာချောင်ထိုးထားချင်လို့
မဟုတ်လား"

နှုတ်ခမ်းဆူပြီး တစ်ဖက်လှည့်သွားတဲ့ကောင်လေးကို Jungkook ငေးစိုက်ကြည့်မိသည်။ ဘာကြောင့်အလုပ်တွေအရမ်းလုပ်ချင်နေရလဲမသိဘူး ထိုအလုပ်လုပ်မယ်ဆိုတဲ့စကားကို ခုရက်ပိုင်းခဏခဏပြောလွန်းသည်။ ကိုယ့် companyမှာ လာလုပ်ဆိုတော့ မလုပ်ချင်ဘူးတဲ့ ဘာလို့လဲ မေးတော့လူကြီး ရုံးက ဝန်ထမ်းတွေက သူနဲ့ကိုယ့်အကြောင်းကိုသိနေကြတာမလို့ နေရခက်တယ် မလုပ်ချင်ဘူးတဲ့ အဲ့ဒါဆိုလဲ ကိုယ်ပိုင် ဆိုင်လေးတစ်ခုဖွင့်ပေးမယ်ဆိုတော့လဲ မဟုတ်ရပြန်

"ဘယ်လိုပြောလိုက်တာလဲ ကလေးရယ်
ချစ်လွန်းလို့ အာခံတွင်းထဲတောင်ထည့်
ငုံထားချင်တာပါ"

"..........."

"ကိုယ်ကလေးကို စိတ်မချဘူး "

"ဘာစိတ်မချစရာရှိလို့လဲဗျာ "

" နံပါတ်တစ်အချက် ကလေးပင်ပန်းမှာကို
မကြိုက်ဘူး နှစ်အချက် ကိုယ်မဟုတ်တဲ့
တခြားသူစိမ်းတွေ ကလေးနဲ့အနီးကပ်
အတူရှိနေမှာကိုမကြိုက်ဘူး နံပါတ်သုံးအချက် အထက်လူကြီးတွေရဲ့ အဆူခံအငေါက်ခံရမှာကို အတွေးထဲမှာတောင် မကြိုက်ဘူး လေးအချက်...."

သူဖန်ဆင်းသော (completed)Where stories live. Discover now