26

2.6K 285 24
                                    

"လူနာဆေးတွေ မှန်မှန်သောက်ရမယ်နော်"

"ဟုတ်ကဲ့ "

"တစ်လစာ ဆေး ပေးလိုက်မယ် ကုန်ရင် ပြန်ပြမယ်နော်"

စေတနာပါလွန်းတဲ့ ဆရာဝန်လေးရဲ့ အသံချိုချိုလေးက သေမဲ့လူနာကိုတောင် ပြန်ရှင်အောင်စွမ်းဆောင်နိုင်သလိုမျိုး နားဝင်ချိုလှသည်။

"cancer ဆိုတာအမြစ်ပြတ်ဖို့ ခဲယဥ်းတော့
အချိန်တော့အများကြီးယူရမှာ ပြီးတော့
လူနာ က စိတ်အားတင်းထားဖို့လိုတယ် "

ရှေ့က ဆရာဝန်လေးရဲ့အပြောကို seokjin သေချာ အလေးထား နားထောင်မိသည်။ ကုသရေးပိုင်းရော HE(Health Education) ပိုင်းကိုပါ ပိုင်နိုင်စွာပြောဆိုနိုင်တဲ့ဆရာဝန်ကြောင့် စိတ်အားတက်သွားတာတော့အမှန်ပင်

"တစ်လနေမှပြန်ချိန်းတယ်ဆိုပေမဲ့ ဒီကြားထဲပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးကြုံရင်တော့ချက်ချင်းလာပြရမယ်နော် လူနာ"

"ဟုတ်ကဲ့ ဒေါက်တာ"

"အော်....ပြီးတော့ လူနာရှင်"

"ဗျာ"

တောက်လျှောက် Angelကိုပြောလိုက်မေးလိုက်လုပ်နေခဲ့ရာက seokjin ကို ရုတ်တရက်လှမ်းပြောလာတဲ့ ဆရာဝန်ကြောင့် seokjin ရုတ်တရက် ပြန်ပြောဖို့ရာ စကားပင် ထစ်သွားမိသည်။ မလုံမလဲဖြစ်သွားမိတယ်ဆို ပိုမှန်မလား ဘာလို့ဆို seokjinက ထိုဆရာဝန်လေးကို တစ်ချိန်လုံးငေးကြည့်နေမိတာကိုး ဒါပေမဲ့ ထိုအကြည့်တွေထဲမှာ မရိုးသားခြင်းအစိတ်အပိုင်း တစိုးတစ်စိငယ်မျှ မပါဝင်ပါ လူနာအပေါ် စေတနာထားလွန်းသည့် ဆရာဝန်တစ်ဦးမို့ လေးစားအားကျ အတုယူစိတ် ဖြင့် ငေးမိခြင်းသာ seokjinဘဝမှာ ဆရာဝန် အတော်များများနဲ့ဆုံဖူးပေမဲ့ အသပြာဆရာဝန်များသာ ပေါပေါများများတွေ့ခဲ့ရသည်။ အခုလို ပြည်တန်တဲ့ဆရာဝန်မျိုးကအနည်းအကျဥ်းမျှသာ ရှားရှားပါးပါး သုံးလေးယောက်လောက်သာတွေ့ဖူးသည်။ သတိတရရှိတာကတော့ seokjin အလုပ်လုပ်ခဲ့တဲ့ဆေးရုံက ခွဲစိတ်ဆရာဝန် Min Suga ဒါပေမဲ့ hyung ကနည်းနည်းတော့အပေါက်ဆိုးတယ် သို့သော် မြင်တတ်အောင် ကြည့်မှ မြင်ရမဲ့ စေတနာတွေကတော့ အလျှံအပယ်ပင်။ ပြောဆိုဆွေးနွေးမှု ပြီးတဲ့နောက်မှာတော့အချိန်က နာရီလက်တံရဲ့ မိနစ် တစ်ပတ်စာ ကိုယူသွားခဲ့ပြီ။
.
.

သူဖန်ဆင်းသော (completed)Where stories live. Discover now