37

2.6K 302 61
                                    

မကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ပုံက တခြားလူတစ်ယောက်လို ၊ ပူလောင်သောရင်ဘက်က ဘယ်ရေအေးအေးသောက်သောက်  သက်သာမလာသလို အပူလဲ တစ်စက်လေးမှလျော့မသွား

ကိုယ်ပင်ပန်းနေပြီ ကလေးရယ် ကလေးမရှိတဲ့ ဘဝက နွေကန္တာလို ပူပြင်းလွန်းတယ် ပြန်လာခဲ့ပါတော့ ကိုယ့်အနားကို၊  ဒီလောက် ပုန်းနေရရင်စိတ်ကျေနပ်ပါတော့လားကွာ

အေးချမ်းစွာပြုံးနေတဲ့မှန်ဘောင်ထဲက အဖြူရောင် ဝတ်စုံနဲ့ကောင်လေးက ဖာသာတွေ ရှေ့မှာတုန်းကတော့ Jeon Jungkookဆိုတဲ့ကောင်ကို တစ်သတ်လုံးရိုးမြေကျ ပေါင်းသွားပါ့မယ်ဆိုပြီး ကတိပြုခဲ့ပြီး အခုဘာလို့ ကိုယ့်အသည်းကို ခွဲနေရတာလဲ ကလေးငယ်

အရက်ပုလင်းတွေသာ လဲသွားပေမဲ့ သူကတော့ ခုထိ မလဲ သေး ၊ မေ့ချင်လို့မှ သောက်ပါတယ်ဆို ပိုပိုလွမ်းလာတော့ သူတစ်ခါငိုချမိပြန်သည်။

ရူးသွားလိုက်ချင်တယ် အဲ့ဒါမှ Kim seokjinဆိုတဲ့ကလေးဆိုးလေးကို မေ့မှာ

အခုတော့...... ကိုယ်အရမ်းနာကျင်နေရတယ်ကွာ

တရှုံ့ရှုံ့နဲ့ငိုနေမိတဲ့ Jungkook မှာ မူးလာတာရော အိပ်ရေးပျက်ညတွေ များလာတာပါ ပေါင်းပြီး  ဘာမှမသိလိုက်ခင်မှာဘဲ အိပ်ပျော်သွားလေတော့သည်။

အိမ်မက်ထဲမှာ ဆက်လွမ်းပါ့မယ် ကလေးငယ် အိမ်မက်ထဲမှာတော့ ပုန်းမနေဘဲ ကိုယ်လာရှာရင်ထွက်တွေ့ပေးနော်

.
.
.
.
.
.
.
.

((ကလင်))3

နားပူအောင်အော်နေတဲ့ စားပွဲ ပေါ်က နှိုးစက်သံကြောင့် Jungkook ​ကျိန်းစက်နေတဲ့မျက်လုံးတွေကို အားယူကာဖွင့်ကြည့်လိုက်သည်။

ကျွတ်.....ကျွတ်

ညက ဘယ်အချိန် အိပ်ပျော်သွားမှန်းမသိ ခုတင်ပေါ်တောင်မတက်နိုင်ဘဲ ကြမ်းပြင်မှာဒီအတိုင်းအိပ်လိုက်မိတာ ၊ နိုးလာတော့ ကျောတွေအောင့်ကာ ကိုယ်လက်နာလာသလိုပင်

"ဟာပြဿနာပဲ မနက်၉နာရီတောင်ထိုးတော့မှာပဲ "

နာရီက အချိန်ကြောင့် Jungkookမျက်စိတွေ  ပြာနောက်သွားတော့သည်။ သားငယ်ကို ကျောင်းပို့ချိန် ကျော်နေပြီမလား ။ နေမြင့်မှနိုးလာတာကြောင့်  ညက အရက်အလွန်အကျွံသောက်မိတာကိုနောင်တရချင်သွားသည်။  သားကိုကျောင်းပို့ဖို နောက်ကျနေပြီလေ ကလေးဆို သားကျောင်းပို့ ကျောင်းကြိုကိစ္စကို ဘယ်တုန်းကမှလစ်ဟင်းဖူးတာမရှိ သားနေ့လည်စာ ထမင်းဘူး ကအစ အိကျီ်ဝတ်တာ အဆုံး သူလက်သူ့ခြေချည်းအကုန်လုပ်တာတောင် ကျောင်းနောက်ကျတယ်ဆိုတာမရှိသလောက်ပဲ အခု ကိုယ့်မှာကတော့ ကျောင်းပို့ပေးရတာတစ်ဉီးလေးလုပ်တာတောင် နောက်ကျနေမိသည်။

သူဖန်ဆင်းသော (completed)Where stories live. Discover now