ring...ring..
အိပ်လို့အကောင်းဆုံးအချိန်ဖြစ်တဲ့ မနက်ဦး နှစ်နာရီအချိန်လောက်မှာ မြည်လာခဲ့တဲ့ ph ringtoneသံကြောင့် seokjin တစ်ရေးနိုးလာရသည်။ လူကြီးရဲ့ တောက်ခေါက်သံတစ်ချက် ကြားလိုက်ရပြီး သူ့ရင်ခွင်ထဲရောက်နေခဲ့တဲ့ seokjinကို အိပ်ပျော်နေတယ်လို့ထင်ပြီး သူ့လက်မောင်းတွေပေါ် အုံးထားတဲ့ seokjinခေါင်းကို အသာမရွှေ့ ပြီး phကိုင်ဖို့ပြင်သည်။
"ရူးနေတာလား woobin"
"..............."
"ဘာ!! တကယ်ပဲလား"
"..............."
"ok သိပြီ လုံးဝအဆက်သွယ်မပျက်စေနဲ့
ငါအခုချက်ချင်းလာခဲ့မယ်"seokjin နိုးသွားပေမဲ့ ပြန်အိပ်ဖို့လုပ်ခဲ့တာပါ ။ဒါပေမဲ့ လူကြီးရဲ့ အခုချက်ချင်းလိုက်လာခဲ့မယ်ဆိုတဲ့ စကားကြောင့် ဆက်အိပ်လို့မဖြစ်တော့ ရေးကြီးသုတ်ပြာနဲ့ bathroom ထဲဝင်သွားပြီး အလောတကြီးပြန်ထွက်လာကာ အပြင်သွားဖို့ ပြင်နေတာကြောင့် seokjinငုတ်တုတ်လေးထထိုင်လိုက်ပြီး
"လူကြီး ဘာဖြစ်လို့လဲ"
seokjinစကားကြောင့် တံခါးလက်ကိုင်ပေါ်ရောက်နေပြီဖြစ်တဲ့ လူကြီးလက်တွေရပ်တန့်လို့သွားပြီး သူ့ကို လှည့်ကြည့်လို့လာသည်။
"ကလေး နိုးသွားတာလား"
"အွန်း"
"ပြန်အိပ်လေ ကိုယ့်ကလေး ကိုယ် အပြင်...ခဏသွားစရာရှိလို့"
"မနက်အစောကြီးရှိသေးတာကို ဘာအရေးကြီးနေလို့လဲ လူကြီးရဲ့"
"ကု..ကုမ္ပဏီမှာ ကိ..ကိစ္စ လေးပေါ်လာလို့ "
လူကြီးက စကားတွေထစ်နေတာတဲ့လား ပုံစံကလဲစိတ်မသက်မသာဖြစ်နေသလိုမျိုးနဲ့ မစွပ်စွဲချင်ပေမဲ့ တစ်ခုခုကိုမလုံမလဲဖြစ်နေတဲ့ပုံမျိုး နဲ့တူသည်။ သို့ပေသည့် seokjinအတွေးတွေ ကြာရှည်စွာ မရှိခဲ့ပါ သူ့နဖူးကိုလာရောက်ဖိကပ်တဲ့ လူကြီးနှုတ်ခမ်းတွေရဲ့ အထိအတွေ့မှာ ပျော်ဝင်သွားပြီး ကျန်တာအကုန်မေ့ သွားသည်။
"ကိုယ်သွားမှရမှာမိုလို့ပါ မနက်ကျမှပြန်လာခဲ့မယ် ဟုတ်ပြီလား အခုတော့ ပြန်အိပ်လိုက်အုန်း အိပ်ရေးပျက်ပြီး နေမကောင်းဖြစ်နေမယ်"
YOU ARE READING
သူဖန်ဆင်းသော (completed)
Hayran Kurguအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ