4

2.8K 313 49
                                    

"မချိန်းစဖူးချိန်းလို့ ငါမှာထီထိုးရင်
ကောင်းမလားလို့​တောင်တွေးနေတာ"

သူ့ကိုဆို အမြဲ ခနဲ့ချင်နေတဲ့ သူ့ရှေ့က လူပျိုကြီးကို အသံတိတ်​ ကြိတ်ဆဲလိုက်တော့ သူ့အထာကိုသိစွာ မနာလိုချင်စရာကောင်းတဲ့ ပါးချိုင့်ကြီးတွေက ပါးနှစ်ဖက်မှာ တစ်ဖက်တစ်ချက်စီ ​ခြံရံ ပြီးထွက်လာလေသည်

"ဘာတွေ ညစ်နေလဲပြော"

သူ့အကြောင်းကို ဒီလူပျိုကြီး နောကျေနေတာခက်သည်။ ပုံမှန်ဆို ဘားတွေ ကလပ်တွေ မထိုင်တတ်တဲ့သူက စိတ်ညစ်စရာ စိတ်ရှုပ်စရာရှိလာရင် ဘား ရောက်လာတတ်တာ ကို သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ kim Namjoonက အသိဆုံးပေါ့လေ

"အလုပ်ကိစ္စလား မင်းမိန်းမနဲ့လား"

"တစ်ခုမှ မဟုတ်ဘူး"

"ဟေ"

ရှန်ပိန်ပုလင်းအဖုံးကို ကျွမ်းကျင်စွာဖွင့်ရင်း သူ့စကားကို ထူးဆန်းသလိုတုန့်ပြန်သည်။

"ဟုတ်တယ် အိမ်မှာရောက်နေတဲ့ နှံ​ပြီစုတ်ကောင်လေးကြောင့် အာရုံ နောက်နေတာ"

"ဟေ Jeon jungkookလိုကောင်မျိုးကို အာရုံနောက်အောင် လုပ်နိုင်တဲ့ နှံ​ပြီစုတ်လေးကို စိတ်ဝင်စားသွားပြီ ဆိုစမ်းပါအုန်း"

"Anna Bokiလေးအတွက်ခေါ်လာတဲ့
Male nurse ဆိုတဲ့ကောင်လေးကြောင့်
ငါစိတ်ရှုပ်နေတာ"

Jungkookနဲ့ သူဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအရင်းကြီး ဖြစ်တာကြောင့် Jungkookအကြောင်း Aကနေ Z အထိ သူအကုန်သိပါသည်။ ငယ်ငယ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန်လာတဲ့ Jungkookဟာ ကျောင်းတုန်းကလဲ နံပါတ် ၁နေရာကဘယ်တော့မှမဆင်းခဲ့တဲ့သူ၊ စာတော်သလို မာနကလဲ ခပ်ကြီးကြီးနဲ့ ပေါင်းရသင်းရခက်တဲ့ ဂွစာမှာ အပေါင်းအသင်းရယ်ဆိုလို့ ကိုယ်ရယ် ဟိုကောင်ကြီးရယ်သာရှိသည်။ ဆွဲဆောင်မူရှိပြီး ချောမောလွန်းသည့် ရုပ်ရည်ကြောင့် စန်းပွင့်ချက်က Jungkookသာဆိုအသေရရ အရှင်ရရလိုချင်ကြသည်က မိန်းကလေး ​တွေတင်မဟုတ် ယောကျ်ားလေးများပါ ပါသည်။ သို့သော် အမြဲ အေးတိ​အေးစက်နဲ့ မျက်နှာကျောတင်းလွန်းတဲ့ သူ့ရဲ့ ပုံစံကြောင့် ကျောင်းမှာIce prince ဆိုတဲ့နာမည်ပြောင်တစ်ခုရယ် မာနမင်းသားဆိုတဲ့ ဘွဲ့တံဆိပ်တစ်ခုရယ် သူရထားသည်။

သူဖန်ဆင်းသော (completed)Where stories live. Discover now