29

2.4K 283 61
                                    

"မသွားလို့မရဘူးလား လူကြီး"

woobin ကိုphဆက် ကာ ညတွင်းချင်း လေယာဥ်လက်မှတ်ဖြတ်ပေးဖို့ စီစဥ်ခိုင်းနေတဲ့ လူကြီးကို seokjin ရလိုရငြား တားမိသည်။ အတူတူပြန်ဖို့ကလဲ ညတွင်းချင်းအလောတကြီးစီစဥ်လိုက်ရတာကြောင့် လက်မှတ် က တစ်စောင်တောင် မနည်းစီစဥ်ရတဲ့အခြေအနေမျိုးမို့ အဆင်မပြေဖြစ်နေသည်။

"ကိုယ်သွားမှဖြစ်မှာ ကလေးရဲ့"

"မနက်ကျမှအတူတူပြန်ရအောင်လေ တစ်ညလေးနဲ့ ဘာမှထူးမသွားပါဘူး"

"မဖြစ်ဘူး သူ့အနားမှာ ဘယ်သူမှမရှိဘူးကလေးရဲ့ မိသားစုလဲအနားမရှိတော့ ကိုယ်ဖြစ်ဖြစ် သူ့အနားမှာ ရှိနေပေးမှဖြစ်မှာ"

"ဒါပေမဲ့ ဒီနေ့က ကျွန်တော်တို့မဂ်လာဦးနေ့လေ"

Shineဆိုတဲ့အကို နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သီတင်းကြားကြားချင်း လူကြီးက koreaကိုအားချင်းပြန်ဖို့ စီစဥ်နေသည်။ ဒီနေ့က ကျွန်တော်တို့နှစ်ယောက်ရဲ့ မဂ်လာဦးနေ့ဆိုတာကိုသိသိရက်နဲ့လေ။

"ကိုယ်တို့တစ်နေ့လုံးအတူတူရှိနေခဲ့ပြီးပြီပဲ
ညပိုင်း လေး၊ ငါး နာရီလောက်ပဲ
အတူတူမရှိရုံလေးပါ"

"ကျွန်တော်ထက် သူကပိုအရေးကြီးနေလား"

seokjin ​လျှော့မပေးချင် တခြားသူဆိုရင် အဲ့လောက်ထိ seokjin ပြောမနေပါ အခုဟာက လူကြီးရဲ့အရင်ကရည်းစားဟောင်းလေ seokjin မသွားနဲ့မပြောပါဘူး ညတွင်းချင်း ချက်ချင်းသွားဖို့လုပ်နေတာကိုသာ မလိုချင်တာ မနက်မှပြန်ပြီး ပြန်ရောက်တဲ့အချိန်သွားလို့ရနေတာပဲလေ seokjinလဲလိုက်ခဲ့မှာပါ အခုတော့လူကြီးက မဂ်လာဦးနေ့လေးမှာတောင် ကိုယ့်အနားရှိမနေဘဲ ရည်းစားဟောင်းစီသွားဖို့လုပ်နေတာကို seokjinနားလည်မပေးနိုင်တာ seokjinလွန်သွားလား seokjin အဲ့လောက်တော့ သဝန်တိုခွင့် ရှိတယ်မဟုတ်ဖူးလား။

"ကလေးက ကိုယ့်အတွက် အရေးအကြီးဆုံးပါ ဒါပေမဲ့အခုဟာက သေရေးရှင်ရေး
နဲ့ဆိုင်တဲ့ကိစ္စလေ အဲ့လိုလိုက်ခိုင်းနှိုင်း နေလို့မရဘူး ကလေးရဲ့"

"သေရေးရှင်ရေးလို့ပြောရအောင် လူကြီးကသူ့ကိုခွဲပေးမဲ့ဆရာဝန်မလို့လား ကျွန်တော်မသွားနဲ့လို့မပြောပါဘူး မနက်ကျမှ အတူတူသွားမယ်လို့ ပြောနေတာ "

သူဖန်ဆင်းသော (completed)Where stories live. Discover now