32

2.6K 253 60
                                    


တိတ်ဆိတ်နေတဲ့ညအလယ် လမင်း​စီကအလင်းရောင်က ခန်းစီးက လိုက်ကာစတွေကို ဖြတ်ပြီး အခန်းတွင်း အလင်း လာဖျာကျနေသည်။

လမင်းကြီးက အေးချမ်းလိုက်တာ ဒါပေမဲ့ seokjin ရင်ထဲကအပူတွေကို ငြိမ်းအေးပေးဖို့ ​တော့ မစွမ်းနိုင်ဘူး ။ တလက်လက်တောက်ပရင်း အခန်းထဲ ပြေးလွှားနေတဲ့ ပိုးစုန်းကြူးလေးတွေကို လိုက်ငေးနေတုန်း အခန်းတွင်းဝင်လာတဲ့ တစ်စုံတစ်ဦးရဲ့ ခြေသံတဖျပ်ဖျပ် ၊ ကြားရတာ ရပ်သွားသည်က seokjin ​ဘေးကလွတ်နေတဲ့ အိပ်ယာစီ သူတက်လာခဲ့လို့ ဖြစ်သည်။

"ပြွတ်
ဒီနေ့ရော ကိုယ့်ကိုနှင်လွှတ်အုန်းမှာလား"

ပြင်းရှရှ အနမ်းတစ်ပွင့်ရယ် လေးလေးပင်ပင်ထွက်လာတဲ့ deep voiceအသံကြောင့် မခုန်တာကြာပြီဖြစ်တဲ့ seokjin နှလုံးသားလေးပြန်လည် အသက်ဝင် လာခဲ့သည်။

"ကိုယ်ကလေးနဲ့ အကြာကြီးခွဲမနေနိုင်ဘူး
ကိုယ့်ကို စိတ်ဆိုးပြေပါတော့လား...ဟင် "

ဘယ်သူကရော ခွဲနေချင်နေလို့လဲ seokjin လဲ လူကြီးလိုပဲ လူကြီးနဲ့ အကြာကြီးခွဲမနေချင်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေက seokjin အတွက် ဘယ်လိုမှ လွယ်လွယ်လက်ခံလို့ မရလို့သာ seokjin ဒီလောက်ထိ ဖြစ်ခဲ့တာ

" ကျွန်တော် ကရော ပျော်နေတယ်ထင်လို့လား"

"ဒါဆို ကလေးလဲ ကိုယ့်ကို လွမ်းနေတာပေါ့"

တိတ်ဆိတ်မှု တွေက ပေးလာတဲ့ဝန်ခံမှု တွေကြောင့် လွမ်းနေရတဲ့ ရင်ခွင်ငယ် နွေးနွေးလေးကို ပွေ့ဖက်ပစ်လိုက်တော့ ငြိမ်နေသည်။

^ထပ်ငိုနေတာတော့ မဟုတ်ဘူးမလား^

မသက်ာလို့ ကြည့်လိုက်တော့ ထင်တဲ့အတိုင်း က​လေးရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေ စိုစွတ်နေခဲ့ပြီ။

"ဟာ....ကျစ်"

ပိုတိုးလို့သာ ဖက်ထားရင်း အာရုံလွဲသွား​အောင် နင့်နင့်သည်းသည်းအနမ်းတွေကို ဖန်တီးပစ်လိုက်သည်။

"မငိုနဲ့ မကြိုက်ဘူး အဲ့မျက်ရည်တွေကို ကိုယ်တကယ်မမြင်နိုင်လို့ မငိုပါနဲ့ကွာ"

နင့်နင့်သဲသဲ အနမ်းတွေနဲ့အတူ တနင့်တပိုးထွက်လာတဲ့ ရီဝေဝေ စကားလုံးတွေကြား seokjin ကိုယ်လေးမှာ နစ်မြုပ်လျှက်

သူဖန်ဆင်းသော (completed)Where stories live. Discover now