18

3.7K 307 35
                                    

"အကိုလေးရောက်လာပြီလား Boss အခန်းထဲမှာခဏစောင့်နေအုန်းနော် Meetingကပြီးတော့မှာပါ"

"ဟုတ်ကဲ့ အကို Woobin"

ဒီနေ့ မနက် seokjinနေခဲ့တဲ့ ဂေဟာကို လူကြီးနဲ့အတူသွားဖို့ လုပ်ထားတာ ဖြစ်ချင်တော့ လူကြီးက company မှာ အရေးပေါ် meetingတစ်ခုပေါ်လာလို့ဂေဟာကိုသွားဖို့အစီအစဥ်က မနက်ကနေ နေ့လည်သို့ရွှေ့ သွားပြီး companyကနေမှ တစ်ဆင့် သွားဖို့ အစီအစဥ် ဖြစ်သွားတာကြောင့် သူ လူကြီး companyသို့ရောက်နေခြင်းပင်

သူ့တစ်ဦးတည်း ထီးထီးကြီး ခန့်ညားထည်ဝါစွာ တည်ရှိလို့နေသည့် မိုးထိလုနည်းပါး အဆောက်အဦးကြီးက လူကြီး ပိုင်တာတဲ့လား လူကြီးက တကယ့် ဘီလျံနာကြီးပဲ အဆောက်အဦးထဲ ဝင်လိုက်သည်နှင့် "စိန်နားကပ်အရောင်ကြောင့် ပါးပြောင်" ဆိုသလို ဖိတ်ဖိတ်တောက်နေသော နေရာအခင်းအကျင်း၏ အသွင်အပြင်ကြောင့် လူကအလိုလို အဆင့်အတန်းမြင့်သွားသလိုလို နဲ့ ခံစားချက်က နန်းဆန်လွန်းသည်။

ထို့အတူ ​​ခေါင်းထဲဝင်လာတဲ့အတွေးက ကျစ်လစ်ဖြောင့်စင်းနေသော ခန္ဓာကိုယ်တစ်​ခုပေါ်မှာ အနောက်တိုင်းဝတ်စုံ နက်စွေ့စွေ့ ကို သပ်ရပ်စွာ ဝတ်ဆင်ထားမဲ့သူတစ်ယောက် ဟာ အခြံအရံများစွာနဲ့ company ဝင်းအတွင်း ကျော့မော့စွာ သွားလာနေမဲ့ပုံရိပ်တွေ၊တည်ကြည်ခန့်ငြားသောအသွင်အပြင်နဲ့ တိကျပြတ်သားသော နှုတ်ထွက်စကားတွေကို လေးနက် စူးရှသော မျက်ဝန်းအစုံဖြင့် ဝန်ထမ်းပေါင်းများစွာကို ကြီးကြပ်ကွပ်ကဲနေမဲ့ ပုံရိပ်တွေကို သူ့နှလုံးသားကတစ်ဆင့် အတွေးတွေထဲ ပုံဖော်ကြည့်လိုက်မိသည့်အခါ ရင်ဖိုစိတ်လှုပ်ရှားမှုနဲ့အတူ ကျေနပ်ပီတီဖြစ်မှုဆိုတဲ့ ခံစားမှုလေးပါ ဘယ်ဘက်ရင်အုံစီမှ ခံစားလိုက်ရသည်။

"အကိုလေး ဒီမှာ ခဏစောင့်နေနော်ကျွန်တော် ကော်ဖီသွားယူပေးမယ်"

အကို Woobinကို ခေါင်းငြိမ့်ပြလိုက်ပြီး seokjinလူကြီးရုံးခန်း ကို စပ်စုကြည့်နေမိသည်။ စာရင်းဖိုင်များစွာကို သူ့အထပ်နှင့်သူ သေသေသပ်သပ် စီထားပြီး အပိုအလိုမရှိတဲ့ ပရိဘောဂပစ္စည်းတွေက ရှုပ်ပွ​နေတာမျိုးမရှိဘဲ သူ့နေရာနဲ့သူ ပြောင်လက်သန့်ရှင်းလို့နေသည်။ လူကြီးက သူကိုယ်တိုင်လဲ သပ်သပ်ရပ်ရပ်နေတတ်သလို သူ့ပတ်ဝန်းကျင်ကိုလဲ အခုလို စည်းကမ်းတကျ ထားသိုတတ်တာ လေးစားအတုယူစရာကောင်းလွန်းတယ် လူတစ်ယောက်က အရာအားလုံးပြည့်စုံနေဖို့ဆိုတာမလွယ်ကူပေမဲ့ နေရာတိုင်းမှာ စည်းစနစ် ကျကျလုပ်တတ်လွန်းတဲ့လူကြီးကတော့ လူတစ်ရာမှာ တစ်ယောက် ရှိဖို့ရှားလွန်းသော အပြစ်ပြောစရာတစ်ကွက်မရှိတဲ့ perfect manပါပဲ

သူဖန်ဆင်းသော (completed)Where stories live. Discover now