38

3.1K 326 68
                                    

" ဘာလို့ရပ်လိုက်တာလဲ Namjoon"

"ကား အင်ဂျင်ဘာဖြစ်သွားလဲမသိဘူး ထိုးရပ်သွားလို့ "

sugaတို့အဘွား ဇာတိမွေးရပ်ကနေပြန်လာတဲ့ခရီးမှာ ရုတ်တရက် စက်ပိုင်းချို့ယွင်းသွားတဲ့ကားကြောင့် Jungkookတို့အခက်တွေ့နေကြသည်။ နယ်ဘက်ဖြစ်တာမို့ လမ်းဘေးမှာ ကားဝပ်ရှော့လဲ ရှိပုံမရ ဘရိတ်ပေါက်သွားတာမို့ ကိုယ့်ဘာသာပြင်ဖို့က မဖြစ်နိုင်နဲ့ မြို့က ကားဝပ်ရှော့ လာပြင်ပေးမဲ့အချိန်ထိ စောင့်ရတော့မှာ ဖြစ်သည်။ ခက်တာက သူတို့ပြန်လာတဲ့အချိန်က ညပိုင်း အချိန်ဖြစ်နေပြီ ဖြစ်တဲ့အတွက် ကားဝပ်ရှော့က မနက်ဖြန်မနက်စောစောမှလာပေးနိုင်မည် ဖြစ်သည်။

"လမ်းဘေးမှာ အကူအညီတောင်းစရာ
ဘာအိမ်မှလဲမရှိဘူးနော်"

"ရွာလေးတော့တွေ့ပေမဲ့ 5မိနစ်လောက် လမ်းလျှောက်ရလိမ့်မယ်ထင်တယ်"

Jungkookစကားကို sugaက ခေါင်းငြိမ့်ပြကာ ထောက်ခံလိုက်ပြီး

"မကြာခင်မှောင်လာတော့မှာဆိုတော့ ငါတို့ ရွာထဲသွားပြီးအကူအညီတောင်းကြည့်ရမကောင်းဘူးလား"

"အင်း ဂါးဂါးလေး အကြံမဆိုးဘူး ငါတို့ ကားထဲမှာဘဲ တစ်ချိန်လုံးနေနေလို့မဖြစ်ဖူး ညဥ့်နက်ရင် ပိုအေးလာတော့မှာ ငါတို့လူကြီးတွေချည်းပဲက အကြောင်းမဟုတ်ဘူး အခုက ကလေးလဲ ပါလာတာဆိုတော့"

သုံးယောက်သား ဆုံးဖြတ်ချက် ချပြီးနောက်မှာတော့ Jungkookက သားကို ကုန်းပိုးလိုက်ကာ အားလုံးရွာထဲသို့ ချီတက်လိုက်ကြတော့သည်။

"ဒေါက်...ဒေါက်"

ရွာထိပ်က တွေ့တွေ့ချင်းအိမ်ကို တံခါးခေါက်ကြည့်လိုက်တော့ အိမ်ထဲကနေ အိပ်မှုံစုံမွှားနဲ့ဦးလေးကြီးတစ်ယောက်ထွက်လာသည်။

"ဘယ်သူတွေလဲ"

"ကျွန်တော်တို့က ခရီးသွားတွေပါ လမ်းမှာ ကားပျက်လို့ အဲ့ဒါ....ဒီရွာမှာ ကားပြင်တတ်တဲ့သူတွေ ဘာတွေများရှိမလားလို့ အကူအညီလာတောင်းတာပါ"

"အော်....နေအုန်းကွဲ့ ဟိုဘက်သုံးအိမ်ကျော်လောက်မှာတော့ မြို့မှာ အလုပ်သွားလုပ်တဲ့ကောင်လေးတစ်ယောက်ရှိတယ် သူတော့ပြင်တတ်မယ်ထင်တယ် "

သူဖန်ဆင်းသော (completed)Where stories live. Discover now