ညက တစ်ညလုံးတစ်မှေးမှ မအိပ်ခဲ့တာမို့ မျက်လုံးက စပ်ဖျင်းဖျင်းနဲ့ တွေးစရာအများကြီးရှိနေလို့မဟုတ်ဘဲ အတွေးတစ်ခုတည်းကပဲ သူ့ခေါင်းထဲကို မွှေနှောက်နေခဲ့ တာကြောင့် သူ့မျက်ဝန်းတွေမှိတ်မရခဲ့တာဖြစ်သည်။
ခပ်ဖြူးဖြူးတိုက်ခတ်နေတဲ့လေက ခါတိုင်း လတ်ဆတ်မှု လန်းဆန်းမှု စတဲ့စိတ်ပျော်ရွှင်ရာခံစားမှုတွေကို ပေးစွမ်းသလောက် အခုအခါမှာတော့ seokjinမျက်လုံးကို စိတ်အနှောက်အယှက်ပေးနေသလိုတောင်ထင်မိသည်။
ဘယ်လောက်မှမခြားတဲ့အကွာအဝေးမှာ တစ်အိမ်ထဲအတူတူရှိနေရခြင်းက ဝေးနေရတဲ့အချိန်တွေတုန်းကထက်တောင် seokjin ကိုပိုလွမ်းနေစေသည်။ မေ့ပျောက်ပစ်နိုင်ပြီလို့ မပြောနိုင်သေးသော်ငြား တည်ငြိမ်စတော့ပြုနေပြီလို့ထင်ခဲ့သမျှ လေတစ်ချက်အဝေ့မှာ ဘာမှတောင် အားမထုတ်ရဘဲ လူးလွန့်နေခဲ့တဲ့ ပါးလွှလွှ သစ်ရွက်တစ်ရွက်လို seokjin သည်လဲ ဒီလူနဲ့ပတ်သတ်ရင် ခံနိုင်ရည်အားတွေ အခုထိနည်းပါးတုန်း
"Jinလေး "
"အမေ့...အားး အေးလိုက်တာ"
အခန်းတွင်းဝင်လာတဲ့ ဒေါက်တာရဲ့အသံကြားမှလက်ရှိအချိန်ကို သတိပြန်ဝင်လာပြီး အေးစက်စက်ရေရဲ့အထိအတွေ့ကို ပြန်ခံစားမိသည်။ ဘေစင်မှာ ရေဆေးနေမိတာ ဘယ်လောက်ကြာသွားသလဲဆိုတာ လက်မှာအရေခွံတွန့်ပြီး အေးစက်ထုံကျင်သောခံစားမှု ကလွဲလို့ ခန္တာကိုယ် က ဘာမှ မခံစားရတော့
"ဘာတွေဒီလောက်တွေးနေတာလဲ... ဟမ်"
seokjinအနားသို့ လျင်မြန်စွာလျှောက်လှမ်းလာသူက ဘေစင်က ရေပိုက်ကို ပိတ်ပြီး seokjin လက်တွေ ပြန်လည် နွေးထွေးလာစေဖို့ သူ့လက်တွေထဲထည့်ကာပွတ်ချေနေလေသည်။
"ကျွန်...တော်...အဆင််ပြေပါတယ်"
သူ့လက်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ လက်သွယ်သွယ်လေးနှစ်ဖက်ကို သူ့ဘက်ကပဲ အလိုက်တသိ လွှတ်ပေးလိုက်သည်။ မနေ့ကတည်းက အခန်းတွင်းဝင်နေသူက ဒီနေ့မနက်အထိ အပြင်ကိုလုံးဝထွက်မလာဘဲ မဖြစ်မနေလုပ်စရာရှိတာကိုသာထွက်လုပ်နေတာမို့ နေမကောင်းဘူးများလားလို့ ထင်ပြီး စိတ်ပူပန်စွာမေးမိပြန်သည်။
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanfictionအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ