လက်မောင်းက ထိမှုသိမှု ခံစားချက် တစ်စုံတစ်ရာတောင် မခံစားရသည်က သူ့မှာလက်တစ်ဖက်ပင်မရှိနေသလိုမျိုးပင်
ကျိမ်းစက်နေသေးတဲ့မျက်လုံးတွေကို ဖွင့်လာစေဖို့မစေခိုင်းသေးပဲ စိတ်အာရုံနဲ့သာ ကိုယ့်ခန္တာကိုယ်ရဲ့အခြေအနေကို ဝေဖန်အကဲဖတ်နေမိသည်။ဘေးနားက ဖက်လုံးလိုအေးစက်စက်မဟုတ်တဲ့ ပျော့စိစိ အနွေးဓာတ်လေးနဲ့အတူ နှာခေါင်းဝစီတိုးဝင်လာတာက ခပ်သင်းသင်း ရနံ့လေးတစ်ခု (မွှေးလိုက်တာ ) ကျင်နေတဲ့လက်မောင်းကဝေဒနာပင် မေ့ပျောက်သွားစေနိုင်တဲ့အထိ မွှေးပျံ့လွန်းသည့် ထိုရနံ့ကို လိုက်လံရှူရှိုက်မိနေတုန်း သူ့နှာသီးဝကတစ်ခုခုနဲ့တိုက်မိသလိုဖြစ်သွားသည်။ လေငွေ့နွေးနွေးလေး က နှာခေါင်းဝကမွှေးညှင်းလေးတွေစီဖြတ်တိုက်သွားသလို အတွေ့အထိကြောင့် မှိတ်ထားတဲ့ သူ့မျက်လုံးအစုံက ပွင့်အ လို့လာသည်အခါ.....
"ဟင်"
ခါတိုင်းနိုးထချိန်မြင်နေကျ မျက်နှာကျက် အနက်ရောင်လဲမဟုတ်သလို နံရံကျယ်ကြီးလဲမဟုတ်ပဲ သူ့ခါးတွေကို လက်သွယ်သွယ်လေးတွေနဲ့ သိုင်းဖက်ထားတဲ့ ကိုယ်လုံးသေးသေးက သူ့ရင်ခွင်ထဲတိုးဝင်နစ်မြုပ်လို့ မျက်နှာလွှာဖူးဖူးလေးတစ်ခုကသူနဲ့အနီးကပ်ဆုံးနေရာမှာရှိနေတာကြောင့် အံသြထိတ်လန့်မှုနဲ့အတူ သူ့မျက်လုံးတွေပြူးကျယ်ဝိုင်းစက်ကုန်လျှက်
^seokjinကဘယ်လိုလုပ်သူ့အခန်းထဲ ^မျက်တောင်စိတ်စိတ်လေးတွေက သူ့မျက်လုံးရဲ့ ရှေ့ တည့်တည့်မှာ စင်တီမီတာ တောင်မဝေးကွာသည့် အနေအထားဖြင့်
ထိုမျက်တောင်စိတ်စိတ်လေးတွေအောက်မှာ ပကတိ ငြိမ်သက်နေတဲ့ အညိုရောင်မျက်လုံးတောက်တောက်လေး တွေရှိတယ်။သူ့အောက်သို့အနည်းငယ်လျောဆင်းလိုက်ရင်ဖြင့် ဝင်သက်ထွက်သက်ကို စည်းချက်မှန်မှန်နဲ့ တိုးထွက်ပေးနေတဲ့ နှာတံစင်းစင်းလေး ထိုအရာလေးက သူ့နှာခေါင်းထိတ်နဲ့ ထိစပ်နေသည်ကိုမြင်ရသည့် တခဏမှာဖြင့် ရင်ဘက်ထဲ ခလောက်ဆန်သွားလိုက်တာ
နှာတံ ချွန်းချွန်းလေးရဲ့ အောက်ဖက်မှာ ရှိနေမဲ့ အလှဆုံးသောအရာတို့စုဝေးရာ ညှို့ဓာတ်လေးကို သူဆက်ကြည့်သင့်လား ကြည့်မိသည်ပဲထား ထိုအရာကို သူငေးကြည့်ရုံနဲ့တင် ရောင့်ရဲတင်းတိမ်နိုင်မှာလား မထင်ဘူး ကိုယ်တိုင်ကိုက ကိုယ့်ကိုယ်ကိုမယုံနိုင်ဘူး
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanficအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ