34

2.9K 316 67
                                    

"မင်း ပြောတော့ Jeonက ငါ့ကိုပဲချစ်တာပါဆို အခုJeonကKim seokjinကိုသာထပ်ထိရင် ငါ့ ကို သတ်ပစ်မယ်လို့ မပြောရုံတမယ်ပဲ "

"စိတ်ရှည်ရှည်ထားပါလို့ ငါပြောသားပဲ နင်ကရမ်းလုပ်တာကို"

"စိတ်ရှည်ရှည်ထားရမယ်ဟုတ်လား ဒီလောက် လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုပေးထားတာတောင် ငါ့အနားမကပ်တဲ့ Jeonကို ငါကဘယ်လောက်ထိစောင့်နေပေးရမှာလဲ "

"သူနင့်ကိုဂရုမစိုက်လို့လား ပြောလေ ဂရုစိုက်တာပဲမဟုတ်ဘူးလား အဲ့ဒါနင့်ကိုချစ်လို့ပေါ့"

"ချစ်လို့မဟုတ်ဘူး မင်းစီစဥ်ထားတဲ့ Bokiလေးအဖေဆိုတာကို ငါလို့ သူထင်နေလို့ဂရုစိုက်ခဲ့တာ သူအရင်ကချစ်ခဲ့တဲ့ shineအနေနဲ့မဟုတ်ဘူး Jeon Bokiရဲ့အဖေအနေနဲ့ဂရုစိုက်ခဲ့တာ"

"ငါပြောတာကိုယုံစမ်းပါ Shineရာ ငါနဲ့လက်ထပ် ပေါင်းသင်းခဲ့တဲ့ ငါးနှစ်လုံးလုံး သူနင့်ကိုပဲလွမ်းနေတာပါဆို အခုမှ ဟိုဘာမဟုတ်တဲ့ကောင်ကြောင့် Jungkookစိတ်တွေ ရှုပ်ထွေးသွားတာ အဲ့ဟာလေးသာမရှိရင် နင်လဲ နင့်နေရာကိုပြန်သွားလို့ရပြီ "
^ငါလဲ Jeon Jungkookကိုလက်စားချေလို့ရပြီ^

နောက်ဆုံးစကားကိုတော့စိတ်ထဲကသာ ကျေကျေနပ်နပ်ကြီးပြောရင်း Shineဆိုတဲ့ကောင်ကိုလှည့်စား ပစ်လိုက်သည်။

"မင်းဘာထပ်လုပ်ဦးမလို့လဲ Lee Anna"

"နောက်တော့သိရမှာပေါ့ နင် သာ ငါခိုင်းတဲ့အတိုင်း တဝေမသိမ်းလုပ် Jeon Jungkook နင့်စီပြန်လာစေရမယ်လို့ ငါကတိပေးတယ်"

"ဒါနဲ့တစ်ခုလောက်မရှင်းတာရှိလို့ မေးလို့ရလား"

"မေးလေ"

"Jeon က Bokiလေးက ငါ့သားပါဆိုတာကို ဘာလို့ တစ်ထစ်ချယုံသွားတာလဲ "

"အော်...အဟင်း ဒါလား "

Kim seokjin ဆိုတဲ့ကောင်လေး အိမ်ပေါ်ကိုရောက်လာပြီး သိပ်မကြာခင်မှာပဲ သူမထိုအမှန်တရားကို သိသွားခဲ့တာဖြစ်တယ်။ အဓိက က Seokjinနဲ့ Bokiရုပ်ချင်းတအားဆင်လွန်းတာကို သူမသတိထားမိသွားခဲ့တာဖြစ်တယ် ထို့အပြင် သူစိမ်း မပြောနဲ့ သူ့ဒယ်ဒီကလွဲရင် သူမကိုတောင် မခင်တွယ်တဲ့ Bokiလေးက seokjinကိုကျ သူမတူအောင် ချစ်လွန်းတာက သူမ သံသယတွေကို ပိုတိုးသွားစေခဲ့သည် ။

သူဖန်ဆင်းသော (completed)Where stories live. Discover now