ငိုထားတဲ့အရှိန်နဲ့ ခေါင်းတွေပေါက်ထွက်မတတ် ကိုက်နေခဲ့တာ ညနေပြန်ရောက်တဲ့အချိန်ကတည်းက အခုထိပဲ ဖြစ်တယ်။ တရေးလောက်အိပ်ပျော်သွားရင် သက်သာမလားမသိပေမဲ့ seokjin အိပ်ပျော်ဖို့ရာခက်ခဲလွန်းနေခဲ့သည်။ ရောက်ယက်ခက်နေတဲ့အတွေးတွေက အတိတ်ကအကြောင်းအရာတွေဆီကိုပါ ဆွဲခေါ်နေတာမို့ seokjin ခေါင်းတွေ နှစ်ဆပိုပူနေရသည်။
ဒီလိုဖြစ်ရပ်မျိုး ဒီလိုအကြောင်းအရာမျိုးတွေက ရှားပါးလွန်းတယ်လို့ တွေးခဲ့ဖူးတာ တကယ်တမ်းကျ ကိုယ့်အနီးအနားမှာပါ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့သည်တဲ့လား
seokjinလဲ တစ်ခါမှမမြင်ဖူး မသိဖူးတဲ့ မိသားစုတစ်ခုအတွက် ယောကျ်ားလေးတန်မဲ့ ကိုယ်ဝန်ဆောင်ပေးခဲ့ဖူးပါသည်။ ထို့ကြောင့် Shineဆိုတဲ့အကို ကို seokjin ကိုယ်ချင်းစာပေးလို့ရပါတယ်။ ဒါပေမဲ့ သူက အများကြီးကံကောင်းပါတယ်လေ ကိုယ်ချစ်တဲ့သူရဲ့အသွေးအသားကို ရယူပေးခဲ့ရတာ ဒီထက်ပိုကံကောင်းတာက အခု ကလေးကိုရော ကလေးအဖေဖြစ်သူနဲ့ပါ ပြန်တွေ့နေရတာပဲ...... seokjin ရော..... အဟင်းးး....seokjin ကတော့ ဆန့်ကျင်ဘက်ပဲဖြစ်လိမ့်မယ်
.
.
.
.
."သေချာလို့လား doctorရယ်
ပြန်စမ်းသပ်ကြည့်ပါအုန်း"ဆေးစစ်စာရွက်က Resultကို ကြည့်ပြီး သွေးပျက်ခဲ့ရသူက seokjin ကိုယ်တိုင်ဖြစ်သည်။ Angelကတော့ သေရမှာကို မကြောက်တဲ့အတိုင်း အေးဆေးတည်ငြိမ်စွာနဲ့ ငြိမ်သက်နေခဲ့သည်။ ဒါမှမဟုတ် ကြောက်နေတာကြောင့်များလား။
"အခုနေမှ မခွဲစိတ်ရင် ကင်ဆာဆဲလ်တွေ
ပိုပြန့်သွားလိမ့်မယ်""ကျွန်မမှာအချိန်ဘယ်လောက်ကျန်သေးလဲ doctor "
ဆရာဝန်ကို မေးခွန်းပြန်မေးနေနိုင်သေးတဲ့ Angelကို ကြည့်ပြီး seokjin ရင်ဘက်ထဲ တစ်ဆို့လာရသည်။ ဟင့်အင်း ကျွန်တော် Angelကို ဘယ်လိုနည်းနဲ့မှ အသေမခံနိုင်သေးဘူး
"ကျွန်တော် Angelကို ရအောင်ကုမယ် "
ငိုသံစွက်ကာ ထွက်လာခဲ့တဲ့ ကျွန်တော်အသံအပေါ် Angelတုံ့ပြန်မှုက အေးချမ်းသောအပြုံးတစ်ခုသာ
"အမေအသက်ကြီးပါပြီ သားရယ် ဘဝရဲ့သက်တမ်းတစ်ဝက်လောက်ကို နေလာပြီးပြီပဲ ဒီထက်ဘာမှ ထပ်မျှော်လင့် မနေချင်တော့ဘူး ဘုရားပေးသလောက်အသက်ပဲပေါ့"
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanficအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ