"ဘာကျန်ခဲ့တာတွေရှိသေးလဲ ကလေး လိုရင်တော့ဒီက Mart မှာပဲသွားဝယ်ကြတာပေါ့"
လူကြီးက luggage ထဲမှာ သူ့အကန့်နဲ့သူထည့်ထားတဲ့ အဝတ်အစား တစ်ချို့ရယ် အတွင်းခံတွေရယ် တစ်ကိုယ်ရည်တကာယအသုံးအဆောင်ပစ္စည်းအချို့ရယ်ကို
ဟိုတယ်က cabinetထဲပြောင်းထည့်ရင်း ဟိုတယ်ကဝန်ဆောင်မှုပေးတဲ့ နှုတ်မြိန်စာကိုအပယ်အနယ်တွယ်နေတဲ့ seokjinကိုလှည့်ကြည့်ကာမေးလာသည်။" အကုန်ပါပါတယ်လူကြီးရဲ့ "
"အဲ့ဒါတွေပြီးရင် လန်းသွားအောင် ရေချိုးလိုက်တော့လေ ကလေး ကိုယ် ရေစပ်ပေးထားတယ်"
"ဟုတ်"
hotel မှာတည်းခိုဖို့ စီစဥ်စရာရှိတာများကို စီစဥ်ပြီး သယ်လာတဲ့အထုတ်အပိုးများကိုနေရာချနေတာကြောင့် လူကြီးက အခုထိရေမချိုးရသေး seokjinလုပ်ပါမယ်ပြောတော့အလုပ်မခံ လေယာဥ်စီးလာရတာပင်ပန်း
တာမို့ ကိုယ်လက်နာပြီးနေမကောင်းဖြစ်မှာဆိုးလို့တဲ့လေseokjinကို ရေအရင်ချိုးခိုင်းပြီးအစာပြေစားဖို့ တစ်ခုခုမှာပေးကာ ဘာတစ်ခုမှအလုပ်မခံပဲနားစေပြီး အထုပ်ဖြေခြင်းကိစ္စကိုသူတစ်ယောက်တည်း ဒိုင်ခံလုပ်သည်။ လူကြီးပြောတာတော့ သူက ခရီးခဏခဏထွက်နေရတာမို့ကျင့်သားရနေပြီး မပင်ပန်းဘူးတဲ့လေ
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanfictionအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ