7

3.1K 323 69
                                    

ဝုန်းးး!!!

တစ်ခုခုကို ရိုက်ခွဲလိုက်တဲ့အသံက နားထဲ အုံး
ခနဲ ၊ အသံလာရာနေရာက အလယ်ထပ်က မမအခန်းဘက်စီကမို့ တစ်ခုခုများဖြစ်နေလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသွား အဒေါ် ကြီးက တံခါးဝကနေ ဆွဲထားတာမို့ သူ့ခြေလှမ်းတွေ တုံ့ခနဲရပ်သွားသည်။

"ဟို ~~ဒေါ် ကြီး ~~မမအခန်းထဲ"

"သိတယ်"

"အဲ့ဒါဆို ~~တစ်ခုခုဖြစ်နေလားသွားကြည့်ရ~~~"

"မသွားနဲ့ jinလေး အဲ့ဒါ သခင်လေးနဲ့ မမလေးတို့ရန်ဖြစ်နေကြတာ နေရင်း ထိုင်ရင်း
ကြားမညပ်ချင်ရင် နေတတ်အောင်နေ"

သူကတစ်ခြားတစ်ခုခုဖြစ်နေတယ်ထင်လို့သာ လင်မယားချင်းရန်ဖြစ်နေတာဆိုရင်တော့ သူလဲ သွားတားဖို့ အစီအစဥ်မရှိပါဘူး ကြားသုံးကြား မဝင်ကောင်းဘူးမလား

"မင်းအရှုပ်ထုတ် တွေအိမ်ခေါ်မလာနဲ့လို့ ဘယ်နှစ်ခါပြောထားမှ မှတ်မှာလဲ"

လူကြီးအသံက စူးရှခတ်ထန်စွာ ကျယ်လောင်နေတာမို့ သူတို့နေရာကနေ အတိုင်းသားကြားနေရသည်။

"ရှင်နဲ့ကျွန်မနဲ့ကြားမှာ အဲ့လိုကိစ္စမျိုးတွေမှာ ဝင် မစွက်ဖက်ဖို့ သဘောတူညီမှု ယူထားပြီးသားနော် အခုမှ ဘာထဖြစ်တာလဲ အဟင်း ဘာလဲ ရှင်ကျွန်မကိုကြိုက်နေတာလား"

"စိတ်ကူးယဥ်တာ ကြည့်ယဥ် Lee Anna
မင်းဘာသာ ဘယ်သူနဲ့ဘယ်လိုပဲရှုပ်ရှုပ်ငါ့$ကြောင်းလဲမဟုတ်ဘူး၊ စိတ်လဲမဝင်စားဘူး အေး ငါ့အိမ်ပေါ်ခေါ်လာပြီး ကမြင်းဖို့ လုပ်ရင်တော့ မင်းရော မင်းလင်တွေရော အုံလိုက်ကျင်းလိုက် တစ်ပါတည်း ဘဝကူးသွားအောင် လုပ်ပစ်မိလိမ့်မယ် "

ရှင်!

သူ့ပါးကိုရွယ်ဖို့ပြင်နေတဲ့ Annaရဲ့ လက်ကိုဖမ်းချုပ်လိုက်ပြီး စောင့်တွန်းပစ်လိုက်တော့ အိပ်ယာထက် ဘုန်းခနဲ လဲကျသွားသည်။

"အဟင်းး စွန့်စားရကျိုးနပ်သားပဲ အခုတော့ရှင့် အားနည်းချက်ဘာလဲဆိုတာကျမသိသွားပြီ"

"ဘာ"

အိပ်ရာထက်က ကုန်းထလာကာ ပုံပျက်သွားတဲ့ သူ့ဆံပင်တွေသူ ပုံပြန်သွင်းရင်းပြောလိုက်သည့်စကားကဘာအဓိပ္ပါယ်လဲ သူမသိတဲ့ သူ့အားနည်းချက်ဆိုတာဘာကိုဆိုလိုတာလဲ

သူဖန်ဆင်းသော (completed)Where stories live. Discover now