36

2.9K 308 81
                                    

ဒီကိုပြန်ရောက်မလာသေးဘူး ဆိုတဲ့ Angelရဲ့စကားကြားအပြီး Jungkook ကမ္ဘာမိုးမီးလောင်သွားသည်။ သူ့အိမ်နဲ့ ဂေဟာကလွဲလို့တခြားသွားစရာမရှိတဲ့ကလေးက အိမ်ကိုရော ဂေဟာကိုပါ ပြန်ရောက်မလာခဲ့ဖူးဆိုတော့ ဘယ်တွေများသွားနေခဲ့တာလဲ ။

သူ့ပါပါးကို မတွေ့လို့ အော်ဟစ်ငိုယိုနေတဲ့သားငယ်ကို ဘယ်လိုအဖြေပြန်ပေးရမလဲမသိသလို သူကိုယ်တိုင်လဲ ဘာလုပ်ရမလဲ မသိတော့အောင် ခေါင်းတွေပူကာ ဒေါင်းချာသိုင်းနေပြီ။

အတော်ဆုံး Agentတွေ ငှားပြီးနေရာအစုံလိုက်လံရှာဖွေနေပါသော်လဲ အပုန်းတော်လွန်းတဲ့ကလေးကြောင့် သတင်းအစလေးတောင် မတွေ့သေးတာ ဒီနေ့နဲ့ဆို တစ်လပင် ပြည့်မြောက်ခဲ့ပြီ ။
မသွားတာကြာပြီဖြစ်တဲ့ ကုမ္ပဏီက phတစ်ဂွမ်ဂွမ်ဆက်ကာ ခေါ်နေပေမဲ့ လှည့်မကြည့်နိုင် phနဲ့သာညွှန်ကြားပြီး ကျန်တာ woobinနဲ့ လွှဲထားရတဲ့အခြေအနေ

"သခင်လေး sugaတို့ရောက်နေပါတယ်"

လာခေါ်တဲ့အဒေါ်ကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။သားက တစ်မနက်စာလုံး ဂျီကျနေတာ  သူချော့မော့ သိပ်လိုက်တော့ အခုတော့အိပ်ပျော်သွားရှာပြီ။  အိပ်ယာထက် ချသိပ်ခဲ့ပြီး  သားအခန်းကနေ ခြေသံဖွဖွနဲ့ထွက်လာခဲ့ကာ ဧည့်ခန်းဘက်စီ ဦးတည်လိုက်သည်။

ဧည့်ခန်းထဲရောက်တော့ sugaအပြင် Namjoonပါရှိနေပြီး Jungkook ကိုမြင်တော့ စိတ်ပူပန်နေကြသည့်ပုံ၊ ပုခုံးအားခပ်ဖွဖွလာပုတ်ရင်း

"ဘယ်လိုဖြစ်ရတာလဲ ငါတို့လဲ သိသိခြင်းအားချင်းပြန်လာခဲ့ကြတာ"

"မသိတော့ပါဘူးကွာ "

ထိုစကားကအစချီလို့ ဖြစ်ကြောင်းကုန်စဥ်ကို ထိုနှစ်ယောက်ထံရင်ဖွင်မိတော့ ကိုယ့်ကိုသာအပြစ်တင်ပြီး ကလေးကိုမတွေ့တွေ့အောင်ပြန်ရှာဖို့ ရာဇသံအပေးခံရတော့တာပဲ ပြစ်ပြစ်နှစ်နှစ် ဆဲသံ တွေက ကလေးကိုသာရှာမတွေ့ခဲ့ရင် ကိုယ့်ကို နုပ်နုပ်စင်းကြမဲ့သဘော၊ မသိရင် ငတိနှစ်ကောင်က ကိုယ့်သူငယ်ချင်းမဟုတ်ဘဲ  ကလေးရဲ့အကြံပေး ရှေ့နေတွေလားမှတ်ရသည်။

"မင်းသိလား Jungkook ငါလေ အခုအချိန်ထိ ငါတို့သူငယ်ချင်းသုံးယောက်ထဲမှာ မင်းအတော်ဆုံးပဲလို့ထင်ခဲ့ဖူးတာ ကိုယ့်အနားမှာတစ်ချိန်လုံးရှိနေတဲ့ မိသားစုအစစ်ကိုကျ မြင်အောင်မကြည့်ခဲ့ဘဲနဲ့ တခြားတစ်ယောက်ရဲ့ အလိမ်အညာတွေကို လွယ်လွယ်ယုံကြည်ခဲ့တဲ့မင်းက အနီးမှုံ တစ်ယောက်လိုပဲ မြင်သင့်တာကိုမမြင်ဘဲ မဟုတ်တာကိုမှ ကျော်မြင်နေတာ "

သူဖန်ဆင်းသော (completed)Where stories live. Discover now