40

3.5K 309 41
                                    

အိမ်မက်မက်နေရုံ မဟုတ်ခဲ့ဘူးကိုး သားကတကယ်ပဲ ကလေးလေးတဲ့လား ကျွန်တော့်ဗိုက်နဲ့လွယ်ခဲ့ရတဲ့ ကျွန်တော့်ကလေးလေးဆိုတာ တကယ်ပဲ တဲ့လား

ပါပါးက တော်တော်ညံ့ဖျင်းခဲ့တာပဲ စွန့်ပစ်ရုံနဲ့တင်မလုံလောက်လို့ မျက်စိရှေ့မှာရှိနေခဲ့တဲ့ ကိုယ့်ရင်သွေးကိုယ်တောင် မမှတ်မိနိုင်ခဲ့ဘူးပဲ ဒီလိုအသုံးမကျတဲ့ ပါပါးကြောင့် ပါပါးသားလေး ဘယ်လောက် နာကျင်ခဲ့ရလိမ့်မလဲ ဒီအပြစ်ကြွေးကို ပါပါးဘယ်လို ပြန်ဆပ်ရမလဲ ကလေးလေးရယ်

ပြန်တွေ့ပြီးသည့်အချိန်ကတည်းက seokjin ကိုယ်ပေါ်က မဆင်းတော့တဲ့ သားငယ်ကို ဖအေလုပ်သူလေးကလဲ မမောမပန်းပဲ ချီပိုးထားသည့်မြင်ကွင်းလေးက sugaတို့အားလုံးကို ဂရုဏာသက်စေသည်။ဒီသားအဖနှစ်ယောက်ကို နီးလျက်နဲ့ဝေးအောင် ဖန်တီးခဲ့တဲ့ ကံတရားကြီးက ဒီကလေးနှစ်ယောက်အပေါ်မှာ မှ ထွင်းပြီး ရက်စက်ရာ ကျလွန်းပါသည်။

"ပါပါး "

" ပြောလေ သား "

"ဒယ်ဒီက ပြောယယ် တားတားက ပါပါးဗိုက်ထဲ ကနေ ထွက်ယာတာ ချို "

"ဒါပေါ့ သားက ၉လလောက်အထိ ပါပါးဗိုက်ထဲမှာ ရှိနေခဲ့တာ "

" အာ့ချို တာတားက ဘာယို့ အသိတာယဲ "

"သားက ပါပါးဗိုက်ထဲမှာ အိပ်ပျော်နေတာလေ "

"တာတားကို ဗိုက်ထဲ ထည့်ထားရတော့ ပါပါးနာနေမှာပေါ့ "

Seokjin အတွက်တွေးပူနေတဲ့ သားက တကယ် မွေးရကျိုးနပ်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ခဲ့တာ

" မနာပါဘူး ပါပါးလေ နည်းနည်းလေးတောင်မနာခဲ့ဘူး "

seokjin ထိုသို့ ဖြေမှ သားက စိတ်သက်သာရာ ရသွားသည့်နှယ် ဘာမေးခွန်းမှ ထပ်ထွက်မလာတော့ဘဲ seokjin ရင်ဘက်ပေါ် မှီကာ ငြိမ်သွားသည်။

ပါပါးက သားအပေါ် တာဝန်မကျေခဲ့တာတွေ အများကြီးမို့  သားရဲ့အချစ်တွေနဲ့ ထိုက်တန်ရဲ့လားတောင် မသိတော့ပါဘူး ။

သားကိုကျတော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်စွာ အလွမ်းသယ်နေတဲ့ ကလေးကို သူ စိတ်မဆိုးရက်ပါ ။ Jeon Boki တို့ကမ္ဘာကတော့ပန်းတွေပွင့်နေသည်ပေါ့ ။ ကလေးက အကုန်လုံးကို ဝမ်းသာအားရ ဆီးကြို နှုတ်ဆက်ပေမဲ့  သူကိုတော့ ချန်လှပ်ထားသည်။  ရှင်းအောင်ပြောရရင် ဥပေက္ခာပြုထားတာပေါ့

သူဖန်ဆင်းသော (completed)Where stories live. Discover now