16

3.4K 299 46
                                    

နှလုံးသားထဲမှာ တစ်ယောက်သောသူကို အချိန်ကြာကြာသိမ်းထားခဲ့ပြီး သူ့အတွက်ပဲကိုယ့်အချစ်တွေကို မြုပ်နှံထားခဲ့ပြီးမှ နောက်တစ်ယောက်ကို ရင်ခုန်နေမိတာက အရင်လူအ​ပေါ် သစ္စာဖောက်တာပဲမဟုတ်လား ကျွန်တော်သူ့အပေါ် သစ္စာမပျက်ချင်ဘူး ဒါပေမဲ့ နှလုံးသားရဲ့အလိုဆန္ဒကိုလဲ ကျွန်တော်မထိန်းချုပ်နိုင်ဘူး

************************************

ဒီနေ့ညအိမ်ပြန်ရောက်ချိန်က 9နာရီကျော်ကျော်ဆိုတော့ စောတယ်ပြောရမည် ခါတိုင်းဆို ဒီအချိန်က ဘားမှာသောင်တင်နေဆဲအချိန်ပင် သူတို့သုံးယောက်စလုံးက မသောက်ရင်မသောက်ဘူး သောက်ပြီဆိုလဲ မီးကုန်ယမ်းကုန် ကျဲတဲ့သူမျိုးတွေချည်းသာ ။

ဒီနေ့ညကတော့ သူအိမ်ပြန်ချင်စိတ်ကသာကြီးစိုးလို့နေတာကြောင့် သကောင့်သားနှစ်ကောင်ကိုထားခဲ့ကာ အိမ်သို့စောစောပြန်လာဖြစ်သည်။

"ဒေါ် ကြီး"

အိမ်ထဲဝင်တော့ kitchenထဲ တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေဆဲ အဒေါ် ကြီး တစ်ယောက်ကိုသာတွေ့ရသည်။ ကြည့်ရတာ သူပြန်မလာသေးလို့ စောင့်နေသည့်ပုံပင် ငယ်ငယ်ကတည်းက သူအိမ်ပြန်ရောက်တဲ့အထိစောင့်နေပြီးမှ အိပ်တတ်တာ အဒေါ် ကြီးအကျင့်ပင် မစောင့်နဲ့အိပ်ပါဆိုလဲ ခါတိုင်းလဲဒီအချိန်မအိပ်သေးဘူးတဲ့ လူကြီးဆိုတော့ အိပ်ချိန်စားချိန်နည်းလာတယ်ထင်ပါရဲ့

"Bokiလေးအိပ်သွားပြီလား"

"အိပ်သွားပြီသခင်လေး"

"ကောင်လေးရော"

"သူ စောစောကအထိ သခင်လေးကိုစောင့်နေသေးတယ် ဒေါ် ကြီး အိပ်ဖို့ အတင်းပြောမှ အခန်းထဲဝင်သွားတာကောင်းကောင်နေမကောင်းသေးတော့ အိပ်ရေးမပျက်စေချင်လို့လေ"

သူအဒေါ် ကြီး အပြောကို ခေါင်းငြိမ့် အသိအမှတ်ပြုလိုက်ပြီး နားဖို့ပြောကာ အပေါ်ထပ် သာတက် လာခဲ့လိုက်တော့သည်။

ရှပ်...ရှပ်

ပတ်ဝန်းကျင်က တိတ်ဆိတ်နေတော့ seokjin အခန်းရှေ့ ဖြတ်​လျှောက်သွားတဲ့ လူကြီး ဖိနပ်အသံက နားထဲအတိုင်းသား ဒေါ် ကြီးက အိပ်ဖို့ပြောပေမဲ့seokjin မအိပ်နိုင်သေးပါ လူကြီး ပြန်မရောက်သေးတော့ ခါတိုင်း ဒီအချိန်ဆို အိမ်မက်ကမ္ဘာထဲ လက်ပစ်ကူးနေပြီဖြစ်တဲ့ စိတ်တွေက အခုတော့ကြည်လင်နေဆဲ

သူဖန်ဆင်းသော (completed)Where stories live. Discover now