ခုန်ပျံ ပြေးလွှားနေတဲ့ ကလေးတွေကြား Bokiလေးကို မျက်စိအောက်ကပျောက်မသွားရအောင်သေချာ လိုက်ကြည့်နေရသည်။ မူကြိုပိတ်တဲ့နေ့ကစားကွင်းလိုက်ပို့မယ်လို့ကတိပေးထားတာမို့ seokjinတို့နှစ်ယောက် ထဲရောက်နေခြင်းပင် အစက လူကြီးနဲ့သုံးယောက်သွားဖို့လုပ်ထားပေမဲ့ လူကြီးက မအားတာမို့ နှစ်ယောက်တည်းသွားဖြစ်ချင်းပင် လူကြီးကသူမလိုက်ပေမဲ့ ဦးလေးမင်ကိုတော့ seokjinတို့နဲ့ အတူထည့်ပေးလိုက်သည်။ အခုတော့ဦးလေးမင်က ကားထဲမှာစောင့်နေလေရဲ့
ကလေးစိတ်မကုန်ဘူးပဲပြောပြော အရင်ကဆိုကစားကွင်းရောက်ရင် မျောက်ရှုံးအောင်ဆော့သမျှ ဒီနေ့တော့ ဘာတစ်ခုမှ တက်ဆော့ချင်စိတ်မဖြစ် bokiလေးဆော့သမျှကိုသာ ကုပ်ကုပ်လေးထိုင်ကြည့်နေမိသည်။ သို့သော်အိမ်မှာထက်စာရင်တော့ စိတ်အနည်းငယ်လန်းသွားသလိုပါပဲ
"ပါပါး"
ပြေးချလာတဲ့ Bokiလေးက ရင်ခွင်ထဲပစ်ဝင်ဖို့ အားယူနေမှန်းသိတာမို့ လက်နှစ်ဖက်ကိုဆန့်တန်းကာ ထွေးပွေ့ဖို့ အသင့်စောင့်နေလိုက်သည်။
"အင့်"
ထင်တဲ့အတိုင်း အတင်းပြေးဖက်လာတဲ့ Bokiလေးကြောင့် ရင်ဘက်ထဲ အင့်ခနဲဖြစ်သွားပေမဲ့ seokjinနာတယ်လို့မထင်မိပါ။ ဒီကလေးဟာ သူ့ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့လူသားထဲက တစ်ဦးမဟုတ်ပေလား သူတို့ကြောင့် နာကျင်ရမယ်ဆိုရင်တောင်ပျော်ပျော်ကြီး နာလိုက်မှာ အဲ့လောက်ထိ ထိုလူသားနှစ်ယောက်ကို seokjin အသက်တမျှ ချစ်ပါသည်။
"Bunnyတို့ယဲ ရာတယ် ပါပါး "
Bokiနောက်က သိပ်မကွာပဲ ရောက်ချလာတဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်လေးက ဟိုတစ်ခါ ပဲနီလေးပေါင်မုန့်စားတုန်းကတွေ့ ခဲ့တဲ့ Bokiလေးရဲ့အတန်းဖော်ဖြစ်သည်။
"မဂ်ယာပါ ဦးဦး"
Bunnyဆိုတဲ့ကလေးလေးက ယုန်သွားဖွေးဖွေးလေးတွေနဲ့ ရယ်လိုက်ရင် တအားကိုချစ်စရာကောင်းလွန်းသည်။
နှုတ်ခမ်းဖူးဖူးလေးရယ်၊ ချစ်စရာကောင်းလွန်းတဲ့မျက်နှာအစိတ်အပိုင်းတွေကို ပိုင်ဆိုင်ထားတဲ့ Bokiလေးရယ်နှင့် ထို Bunnyဆိုတဲ့ ကလေးရယ်က seokjin မျက်လုံးထဲ ရုပ်ချင်းခပ်ဆင်ဆင်တူသလိုခံစားရသည်က ဘာကြောင့်လဲတော့ seokjin သေချာမပြောတတ်
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanficအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ