ဥယာဥ်ခြံလေးအတွင်းထဲ ပြေးလွှားအော်ဟစ်နေတဲ့ကိုယ်ငယ်လေးမှာ အရူးမီးဝိုင်းနေသလိုမျိုး ကလေးသာဆို seokjin မြေလူးပြီး ငိုယိုပစ်ချင်လောက်တဲ့အထိ ရှေ့ကမြင်ကွင်းက seokjin အသည်းကို တစ်စစီကြေမွစေသည်။
မယုံကြည်နိုင်မှု နှမြောတသဖြစ်မှု ကြောင့် နှလုံးအိမ်တစ်ခုလုံးက သွေးတွေ ပွက်ပွက်ဆူလျှက်
ဘာလို့လဲ သူတို့မှာ ဘာအပြစ် တွေများရှိလို့ အခုလို ဖျက်စီးခံလိုက်ရတာလဲ
အစွမ်းကုန်ပွင့်ဖူးပေးရင်း သူတို့အလှ သူတို့ရနံ့နဲ့ အားလုံးရဲ့စိတ်နှလုံးကို အေးချမ်းစေဖို့သာ ဆန္ဒရှိတဲ့ နှင်းဆီဝါတွေကိုမှ ဘယ်အငြိုးကြောင့် အခုလိုလုပ်ရက်ရတာလဲ
နေပူပူမှာအသက်မရှိတော့တဲ့နှင်းဆီဝါတွေရဲ့အကိုင်းအခက် တွေက မြေပြင်မှာ လက်မြှောက်အရှုံးပေးကာ ကြွေဆင်းနေကြပြီ ။
သင်းမွှေးစွတ်ပျံ့သောရနံ့တို့နဲ့ ပွင့်လက်စအပွင့်တွေ ပျိုမျစ်နုငယ်မှုတွေကို အားပြုကာ ပွင့်ဖူးလာဖို့စောင့်နေကြတဲ့ နှင်းဆီအငုံလေးတွေဟာ သူတို့ပေးဆပ်မှုကို မသိတဲ့ လူတစ်စုကြောင့် ငိုကြွေးလို့နေသည်အလား
"ဘယ်သူလဲ! !!"
တစ်ခါမှ ဒီလောက်ဒေါသထွက်ပြီး မကြမ်းတမ်းခဲ့ဖူးတာမို့ ခြံထဲက အလုပ်သမားများမှာ seokjinကို အံ့သြတာရော ကြောက်တာပါပေါင်းပြီး အလန့်လန့်အဖြန့်ဖြန့် မျက်လုံးတွေနဲ့ကြည့်နေကြသည်။
"မေးနေတယ်လေ! ဘယ်သူမှ ပါးစပ် မပါကြဘူးလား"
seokjin ထပ်အော်လိုက်တော့ အလုပ်သမားထဲမှတစ်ယောက် မှထွက်လာပြီးပြောသည်။
"ဟို ဟို.....သခင်လေး ခေါ်လာတဲ့ ဧည့်သည်လေ သူခုတ်ခိုင်းတာ"
ဘာ!!!!
"ကျွန်....ကျွန်တော်တို့လဲ ပြောပါသေးတယ် ဒီနှင်းဆီခင်းက အကိုလေးအသက်လောက်တန်ဖိုးထားတဲ့ ပန်းခင်းမလို့ မခုတ်ပါရစေနဲ့လို့ပြောတာ ကို သူက သခင်လေး ခွင့်ပြုချက်ရထားပြီးသားဆိုတာနဲ့ ကျွန်တော်တို့လဲ ဘယ်လိုမှ မငြင်းနိုင်ဘဲ....."
"ဘာ သခင်လေး ခွင့်ပြုချက် ရထားပြီးသားဟုတ်လား လူကြီးကလေ လူကြီးက ခွင့်ပြုပေးခဲ့တာတဲ့လား ဟားးး"
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanficအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ