22

2.5K 274 82
                                    

တာဝန်ဝတ္တရားတွေ ကျေးဇူးဆပ်စရာအခြေအနေတွေနဲ့ မတွေ့ဆုံရသေးတဲ့ အချိန်တစ်ခုတုန်းက ကျွန်တော်ဟာ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်

လွန်ခဲ့သောနှစ်များစီသို့>>>>>>

ညစ်ကျယ်ကျယ်ရယ်သံတွေ​ကြား အသနားခံနေသည့် အသံလေး ကပ်တွယ်နေလျက်
အနောက်ကျောင်းဆောင် လမ်းကြားထဲ ကျောင်းသားအချို့ စုစု စုစုနဲ့ ရန်ဖြစ်နေတာမဟုတ်ပဲ အုပ်စုလိုက် ဝိုင်းအနိုင်ကျင့်နေကြတဲ့ အသံမျိုးဖြစ်သည်။

Jungkookဆိုသည်မှာ သူများအရေးတွေမှာ ဟီးရိုးလုပ်ပြီး ဝင်ပါတတ်သူမဟုတ် ၊ ကိုယ်နဲ့မဆိုင်ရင် ဘာ​နေ​နေ လှည့်မကြည့်တတ်သူမို့ ထိုအသံတွေကို လျစ်လျူရှူ့ ကာ ခြေလှမ်းတွေကို ရပ်မပစ်ဘဲ လိုရာကိုသာသွားဖို့ပြင်လိုက်ပေမဲ့

"ဟေ့ ကောင်လေးမပြေးနဲ့"

ခုနက အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုစီကနေ ထွက်ပြေးလာပုံရတဲ့ကောင်လေးဟာ Jungkookကိုလဲမြင်ရော သူ့နောက်ကျောဘက်စီ အတင်းကပ်တွယ်ထားသည်မှာ တောက်တဲ့ လိုပဲ

"ကယ်..ကယ်ပေးပါ.. အဟင့်"

နောက်ကျောဘက်စီက ချွေးတွေစိုရွှဲနေသည့် ကိုယ်ငယ်လေးစီက ထွက်လာတဲ့အသံလေးက အတုံတုံအရီရီ၊ ပေါက်ပြဲစုပ်​ပြတ် နေတဲ့ လက်သွယ်သွယ်လေးတွေက တစက်စက် တုန်ရီကာ Jungkookလက်မောင်းတွေကို ပြုတ်ထွက်မတတ် ဆုပ်ကိုင်ထားသည်က သူဘယ်လောက်ရုန်းရုန်း လွှတ်ကိုမပေး၊ အကြောက်လွန်နေတဲ့ ကောင်လေး ရဲ့ မျက်နှာ​လေးကို မြင်လိုတာကြောင့် သူဘေးကပ်ရက်စီ တွန်းပို့လိုက်တော့ မျက်ရည်ဥတွေရစ်သိုင်းထားတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတစ်စုံနဲ့ ထိပ်တိုက်တွေ့ ဆုံလေသည်။

"ငါ့ကို သူတို့ လက်ထဲမထည့်လိုက်ပါနဲ့နော်
သူတို့ငါ့ကို မဟုတ်တာလုပ်မလို့ကြံနေကြတာ
ငါအရမ်းကြောက်လို့ပါ"

သိပ်မထူထဲတဲ့ မျက်ခုံးလေးတွေက ​ကော့စင်း​နေတဲ့ မျက်တောင်ရှည်​တွေ ဝန်းရံထား တဲ့ မျက်ဝန်းဝိုင်းဝိုင်း လေးတွေနဲ့တွဲစက်လိုက်တဲ့အခါ အကြည့်မလွှဲချင်စရာအလှတရားတစ်ခု ရုပ်လုံးပေါ်လို့လာသည်။ အညိုဘက် သန်းနေတဲ့အသားအရည်က ထိုကောင်လေးရဲ့အလှတရားကို တစ်မျိုးလေးဖန်တီးပေးထားပြီး နှာတံမြင့်မြင့် လေးရဲ့ အောက်က မထူမပါးနှုတ်ခမ်းရဲရဲလေးရဲ့ထောင့်စွန်းမှာ ပေါက်ပြဲဒဏ်ရာတစ်ချို့နဲ့အတူ သွေးစလေးတွေ ထွက်လို့နေသည်၊၊

သူဖန်ဆင်းသော (completed)Where stories live. Discover now