14

3.3K 319 46
                                    

ဒီတစ်နေ့တာက seokjin အတွက်ရှည်ကြာလွန်းတယ်။ seokjin ဖြစ်နိုင်ရင်မနက်ဖြန်ကို မြန်မြန်ရောက်ချင်ပြီ။ ဒီည သူ့အခန်းမှာအိပ်ရမယ်ဆိုတဲ့ လူ​ကြီး ရဲ့ အမိန့်ဆန်ဆန်စကားကြောင့် လူကထူထူပူပူရယ် seokjin ဘက်က ဘာလုပ်မယ် ဆိုတာ မဆုံးဖြတ်ရသေးတဲ့အခြေအနေမှာ ဘယ်လိုလုပ်သူနဲ့ အတူတူအိပ်လို့ဖြစ်အုန်းမှာလဲ

ကိုယ့်ဘာသာကိုယ့်အခန်းစီပြန်ဖို့ဆိုတာကလဲ သူ မရဲပြန်၊ မတော်လို့ သူ ပြောသလို ချုပ်ရိုးတွေပွင့်သွားမှဖြင့် ပြန်ချုပ်ရ ပြုရနဲ့ ဒီထက်ပိုပြီး တစ်ပါးသူရဲ့အကူအညီယူမှ တကိုယ်​ရေ တစ်ကာယအလုပ်ကို လုပ်လို့ရတဲ့အခြေအနေက တစ်ရက်ကနှစ်ရက်ပိုကြာသွားနိုင်သည်မဟုတ်လား။

ရှပ်...ရှပ်

bath roomထဲကထွက်လာတဲ့လူ​ကြီး ဟာ ခါးစည်းသပတ်အဖြူတစ်ထည်သာပတ်ထားတာကြောင့် အပေါ်ပိုင်းက ဟာလာဟင်းလင်း ကိုယ်ထည်ဖြင့်ဖြစ်သည်။ သူမျက်လုံးကို လှစ်ခနဲမြည်အောင်လွှဲလိုက်ပြီး ​အောက်ဘက်ရှိအနက်ရောင် စောင်အထူကြီးကို အကြောင်းအရင်းမရှိ ပေါက်ထွက်မတတ်ကြည့်နေမိသည်။

ဖျပ်

ထိုစဥ် သူ့နဖူးပေါ်လာရောက်ထိတွေတဲ့ လူ​ကြီးရဲ့လက် ကြောင့် လူက တုံ့ခနဲ တောင့်တောင့်လေး နေမိသည်။ သေချာတယ် သူ အသက်အောင့်ထားမိမယ် ဆိုတာ ရေချိုးပြီးခါစမို့ ​အေးစက်စက်အထိအ​တွေ့ နဲ့အတူ showerနံ့သင်းသင်းလေးပါ ရနေသည်က သူ့စိတ်အစုံကိုခုန်လှုပ်သွားအောင်လုပ်နိုင်စွမ်းရှိသည်။ (ရူးတော့မှာပဲ လူ​ကြီး ရယ်)

လူ​ကြီးက သူ့နဖူးနဲ့ seokjin နဖူး ကိုနှိုင်းယှဥ်စမ်းသပ်ကြည့်​​ပြီး

"အင်း...ကိုယ်တော့သိပ်မပူတော့ဘူးပဲ"

seokjin သည်လဲ လူကို ပိုင်စိုးပိုင်နင်းလုပ်သွားပါသောလူကြီး အဝတ်လဲခန်းစီ ပြန် ထွက်သွားတော့ မှ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ ဘာလဲ ဒါသူ့ ကိုအဖျားရှိမရှိ သူ့လက်နဲ့လာတိုင်းကြည့်နေတာလား မသိရင် သူ့ကိုယ်သူ ဆရာဝန်လိုပဲ ဒီလူ​ကြီး နဲ့ ဒီလိုသာစခန်းသွားနေရရင် သေချာတယ် seokjin မကြာခင် နှလုံးအထူးကုစီပြေးရတော့မယ်ဆိုတာ

သူဖန်ဆင်းသော (completed)Where stories live. Discover now