30

2.9K 281 72
                                    

ကျွန်တော်အိမ်မက်တွေမက်နေခဲ့တယ် လူကြီးကအိမ်မက်ထဲမှာ ကျွန်တော့်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတယ်တဲ့ ပြီးတော့ ကျွန်တော် လည်ပင်းတွေကို တရှုံ့ရှုံ့နဲ့နမ်းနေခဲ့တယ်၊ လူကြီးရဲ့ ကိုယ်သင်းရနံ့လေးက အိမ်မက်ထဲမှာတောင် တအားမွှေးလွန်းတယ် ပြီး​တော့ အထိအတွေ့ တွေက တအားလက်တွေ့ဆန်လွန်းနေတယ်

"ဟင်"

ကျောပြင်ကနွေးထွေးတဲ့ ထိကပ်မှု၊ ပြင်းပြင်းရှရှအနမ်းတွေက မျက်လုံးပွင့်လာတဲ့အချိန်ထိ ကျွန်တော့်ကိုယ်မှာခံစားနေရတုန်းပဲ ဒါ...ဒါ...အိမ်မက်မှမဟုတ်ပဲ လူကြီးတကယ် ကျွန်တော့်အနားမှာ ရှိနေခဲ့တယ် လူကြီးပြန်ရောက်လာပြီကို seokjin ရင်ထဲ အေးချမ်း
သွားသလိုပဲ သို့သော် နိုးတစ်ဝက် မနိုးတစ်ဝက်ဖြစ်နေရာကနေ အသိစိတ်လုံးလုံးယားယား ဖြစ်သွားတဲ့အချိန်မှာတော့ ဝမ်းသာမှုနဲ့အတူ မကျေနပ်တဲ့စိတ်လေးများပါ ကပ်တွယ်လာလျက်

"လွှတ်"

အရှေ့အရပ်က ကိုယ်ငယ်လေးရဲ့ အမိန့်ပေးသံ စူးစူးလေး ကို Jungkookကြားလိုက်ရသည်။ ကလေးနိုးလာပြီထင်ပါရဲ့ ဒီအသံလေးကိုဘယ်လောက်လွမ်းနေခဲ့ရလဲ

"ကလေးနိုးပြီလား"

"လွှတ်လို့ ပြောနေတယ်"

ကိုယ့်အသံကိုသေချာကြားရဲ့နဲ့ မျက်ကွယ်ပြုကာ လူကို ပိုတိုးလို့ သာ ဖက်လာတဲ့ လူကြီးကို seokjin အော်ဟစ်ကာ ထပ်ပြောလိုက်သည်။

"မလွှတ်ပါရစေနဲ့ ကလေးရယ် ကိုယ်တကယ်လွမ်းနေလို့ပါ"

seokjinအမှန်တိုင်းပြောရရင် ကိုယ်တိုင်လဲ အရမ်းလွမ်းနေတာမို့ နောက်ကျောဘက်က လူကြီးရဲ့ရင်ခွင်ထဲကို ပြေးဝင်ချင်မိတာ ထိန်းချုပ်လို့မရနိုင်လောက်တဲ့အထိပဲ ဒါပေမဲ့ seokjin​ ကြိတ်မှိတ်ပြီး သည်းခံထားသည်။ လူကိုအကြာပြီးပစ်ထားပြီး တွေ့မှအသည်းအသန်လွမ်းပြနေတဲ့ လူကြီးကို seokjin စိတ်ဆိုးတယ် စိတ်လေး မဆိုသလောက်နာတယ်

"ဖယ်ပေးဗျာ အနားမကပ်နဲ့"

"ဟင့်အင်း မဖယ်ပေးဘူး "

"လူကြီးမဖယ်ပေးရင် ကျွန်တော် တခုခုလုပ်ပစ်တော့မှာနော်"

"အင်း...လုပ်ပစ်လိုက် ကလေးစိတ်​ကျေနပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကြိုက်တာသာလုပ် "

သူဖန်ဆင်းသော (completed)Where stories live. Discover now