ဒီနေ့ seokjin အိမ်ရှင်ထီးလေး လုပ်ဖြစ်သည်။ အလုပ်ပင်ပန်းနေတဲ့ လူကြီးကို အိမ်ထမင်းအိမ်ဟင်းဖွယ်ဖွယ်ရာရာလေးစားရစေဖို့ seokjin ကိုယ်တိုင် ဝင်ရောက် ချက်ပြုတ်ပြင်ဆင်ဖြစ်သည်။
"ရပြီ... ဒီလောက်ဆို"
သုံးနာရီလောက်အချိန်ပေးချက်ပြုတ်ပြီးတဲ့နောက်မှာတော့ နေ့လည်ရုံးဆင်းအမှီ ပြင်ဆင်ထားသော ဟင်းများ လူကြီး ကုမ္ပဏီသွားပို့ဖို့အဆင်သင့်ဖြစ်နေလေပြီ။ seokjin လာမယ်ဆိုတာ အသိမပေးထားတာကြောင့် လူကြီး အံသြ သွားမှာသေချာတယ်
At Three J office>>>
အရင်တစ်ခါက လူကြီးမိတ်ဆက် ပေးထားတာကြောင့် seokjin ကိုမြင်တာနဲ့ reception က ဝန်ထမ်းအစ်မများက အရိုအသေပြုကာ နှုတ်ဆက် သည်။
"သူဌေးကို လှမ်းအကြောင်းကြားပေး
ရမလား အကိုလေး""နေနေ ရတယ်အစ်မ ကျွန်တော့်ဘာသာပဲ ဝင်သွားလိုက်မယ်"
seokjin ကိုမြင်ပြီး လူကြီးအံ့သြ သွားမှာကိုလိုချင်တာကြောင့် ကြိုမပြောခိုင်းတော့ပဲ ကိုယ့်ဘာသာကိုယ် လူကြီးအခန်းစီဝင်သွားလိုက်တော့သည်။
ဒေါက်....ဒေါက်
တံခါးခေါက်လိုက်သော်လဲ အထဲက ဘာတုံ့ပြန်မှုမှမကြားရတာကြောင့် seokjin ထပ်မခေါက်တော့ပဲဝင်ရန်သာပြင်လိုက်တယ် ခွင့်ပြုမှုတောင်းခံစရာ လိုရအောင် အထဲမှာရှိတဲ့သူကတခြားသူ မှမဟုတ်ပဲ seokjin ပိုင်တဲ့ လူကြီးမဟုတ်လား
ပွင့်အ လာတဲ့ တံခါးနောက်မှာတော့ ရယ်သံတစ်ချို့က ကပ်ပါလာသည်။Chairပေါ်မှာထိုင်နေတဲ့လူကြီးရယ် seokjinကိုကျောပေးထားတဲ့ လူတစ်ယောက်ရယ်ရှိသည်။ seokjinတံခါးခေါက်သံကိုမကြားနိုင်ရခြင်းရဲ့ အကြောင်းအရင်းကထို ရယ်သံတွေကြောင့် ဖြစ်မည်။
ထို့နောက်မှာတော့ ထိုင်နေတဲ့လူကြီးမှ seokjinကိုမြင်သွားပြီး
"ကလေး"
လူကြီးအသံကြောင့် seokjinကိုကျောခိုင်းထားတဲ့သူကseokjinရှိရာဘက်လှည့်ကြည့်လာသည်။ လူကြီးသည်လဲ နေရာကထလာကာ seokjinရှိရာသို့လျှောက်လာသည်။
"ကလေး..... ကိုယ့်စီလာတာလား"
"ဟုတ်"
လူတစ်ယောက်ကိုတစ်ခါမြင်ဖူးရုံနဲ့မှတ်မိဖို့မလွယ်ပေမဲ့ ထိုအကိုရဲ့ ချောမောတဲ့မျက်နှာကြောင့်ရယ် လူကြီးနဲ့ရင်းနှီးတယ်ဆိုတဲ့အသိရယ်ကြောင့် လူကြီးဘေးကအကိုက ဟိုတစ်ခါ လေဆိပ်မှာတွေ့ ခဲ့တဲ့သူဆိုတာ seokjin သေချာမှတ်မိနေခဲ့သည်။
YOU ARE READING
သူဖန်ဆင်းသော (completed)
Fiksi Penggemarအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ