အိမ်မက်ထဲမှာ နှင်းဆီ ပန်းခင်းကြီးထဲရောက်နေတာတဲ့ ပြီးတော့ တစ်ယောက်ယောက်က seokjin ခေါင်းပေါ် နှင်းဆီဝါဝါတွေ ကျဲချ နေတာ ၊ ထို ကြွေဆင်းလာတဲ့နှင်းဆီဝါတွေရဲ့ ရနံ့က သင်းပျံ့ မွှေးကြိုင်လွန်းလို့ seokjin ထို အိမ်မက်ကနေ မလွတ်မြောက်ချင်တော့ သို့သော် အိမ်မက်ကနေ နိုးတော့မယ်ဆိုတာကို စိတ်ကသိနေသည်။
နိုးတစ်ဝက် အိပ်တဝက်ဖြစ်နေဆဲမှာ ရနေဆဲ နှင်းဆီ ရနံ့ ကြောင့် seokjin အိမ်မက်ကို မယုံသင်္ကာဖြစ်လာသည်။ အိမ်မက်ထဲက နှင်းဆီက အပြင်အထိပါလိုက်မွှေးလို့လား ။ မှိတ်ထားတဲ့မျက်လုံးတွေက သိချင်စိတ်ပြင်းပြမှု ကြောင့် အလိုအလျောက်ပွင့်လာသည်။ ထိုအခါ seokjin အခန်းအတွင်း ခြေချစရာ တစ်နေရာကလွဲလို့ နှင်းဆီဝါတွေ နဲ့ ပြည့်နှက်နေတာကို မြင်လိုက်ရသည်။
အိပ်မှုံစုံမွှားနဲ့ မြင်ချင်ရာ လျှောက်မြင်နေတာများလားလို့ ထင်ပြီး မျက်လုံးတွေကို ပွတ်သပ်ကြည့်မိသည်။ ဒါပေမဲ့ နှင်းဆီတွေက သူ့မြင်ကွင်းကနေပျောက်ကွယ်မသွား ဒါ....သေချာပေါက် အိမ်မက်မက်နေတာမဟုတ်ဘူးပဲ
ကျွီ !
အလှတရားတွေကိုငေးစိုက်ကြည့်နေတုန်း ပွင့်အာ လာတဲ့ တံခါးဝထက် ပန်းစည်းအကြီးကြီးကို မနိုင်မနင်းကိုင်ထားတဲ့သား ရှိနေသည်။
"Good morning ပါပါး"
အနောက်တိုင်းဝတ်စုံအဖြူရောင်လေးမှာ နက်ကထိုင် အဝါလေးစီးလို့ထားတဲ့သားမှာ နတ်သားပိစိလေးအလား ချစ်စရာကောင်းလွန်းသည်။
သား ထိုးပေးလာတဲ့ ပန်းစည်းကိုမွှေးကြူလိုက်တော့ လတ်ဆက် လန်းဆန်းသွားမှုက နှာသီး၀က တဆင့် နှလုံးသားထဲအထိ ခုန်ဆင်း သည်။ ပြီးတာနဲ့ သားက seokjin လက်ကို ဆွဲကိုင်ကာ တနေရာကိုခေါ်သွားဖို့ ပြင်သည်။
"သား ခဏ ပါပါးမျက်နှာမသစ်ရသေးဘူးလေ"
"မျက်နှာမသစ်လဲ ပါပါးက ကမ္ဘာပေါ်မှာ အချောဆုံးပဲဟာ "
သားရဲ့ချီးမွမ်းစကားကြောင့်seokjin ဟက်ဟက်ပက်ပက်ရယ်မိတော့သည်။
အိပ်ရေးဝ ဝ အိပ်ထားလို့ ဖောင်းဖောင်းပြည့်ပြည့်လေးဖြစ်နေတဲ့ မျက်နှာလေးက ထိုးထိုးထောင်ထောင်ဆံပင်အညိုလေးတွေနဲ့တွဲဖက်လိုက်တဲ့အခါ seokjinမှာ ကလေးလေးတယောက်လို အူသည်းယားစရာလေးဖြစ်လို့နေသည်။
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanfictionအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ