12

3.7K 320 69
                                    

အမြင်အာရုံတွေက ဝိုးတိုးဝါးတား ​ပေါက်​ပြဲ စုတ်ပြတ်​နေတဲ့ခြောက်ကပ်ကပ် နှုတ်ခမ်းတွေက ရေကို အမောတကြီး မျှော်လင့် တောင့်တနေမိသည်

မျက်တောင်တစ်ခတ် ပင့်သက်ကြည့်ဖို့တောင် လေးကန်နေသည့် မျက်လုံးတွေကို အားယူကာ ဖွင့်ကြည့်မိတော့ မည်းမည်းမှောင်မှောင် မြင်ကွင်းက မျက်နှာကျက်လား အုံ့မှိုင်းညို့နေတဲ့ ကောင်ကင်ပြင်ကြီးလား သူ မသဲကွဲ ကြိုးလိုလို ​ဆေးပိုက်လိုလို အရာက သူ့မျက်လုံးရဲ့ထောင့်စွန်းမှာ ကပ်လျှက် တစ်ဖက်ဘေးက ဖြူဖြူအရိပ်သဏ္ဍာန်ကလဲ သူ့ကိုတစ်ခုခုပြောနေသလိုပင်

​ကျိန်းစက်နေတဲ့မျက်လုံးတွေက အလင်းရောင်ကိုကောင်းကောင်း မခံနိုင်​သေးတာကြောင့် သူ့မျက်လုံးတွေပြန်ပိတ်ချလိုက်ပြီးထပ်မံအားယူကာ​ နောက်တစ်ကြိမ်ပြန်ဖွင့်ကြည့်ချိန်မှာတော့ ပထမတစ်ခါလို ပုံရိပ်တွေကဝိုးတဝါးမဟုတ်တော့ပဲ အနည်းငယ်ကြည်လင်လာသည်။

"seokjinnie"

ခုနက မပီမပြင်ကြားနေရသည့်အသံက အခုတော့ သူ့နားစည်ထဲ ရှင်းလင်းစွာ ကြားလိုက်ရပြီး သူ့မျက်ဝန်းထဲမျက်ရည်ဥတွေ ခိုဝင်လာသည်က ထိုအသံပိုင်ရှင်ကြောင့်ပင်

"Suga hyung"

"အင်းဟုတ်တယ် hyungပါ seokjinnie နေသာရဲ့လား"

^^suga hyungကဘာလို့ ဒီရောက်နေတာလဲ ပြီးတော့ငါကဘာလို့ ဒီနေရာမှာ.....^^
မျက်​တောင်​တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မျက်ဆံတွေကို ဟိုဒီပြေးလွှား အလုပ်ပေးလိုက်သော် suga hyungရဲ့ခပ်လှမ်းလှမ်း အကွာမှာ လက်ပိုက်အနေအထားနဲ့ သူ့ကို ညှို့မှိုင်းမှိုင်းမျက်ဝန်းတွေဖြင့် ကြည့်နေသည့်လူ​ကြီးကိုတွေ့သည်။ တစ်ဆက်တည်းမှာပဲ နေသာရဲ့လားဆိုတဲ့စကားကိုလဲ သူကောင်းကောင်းကြီး နားလည်လိုက်ပြီ။

seokjin မျက်လုံးတွေကို ထိုမှိုင်းညို့ညို့ရပ်ဝန်းတွေစီကနေ လျင်မြန်စွာ အကြည့်လွှဲစေပြီး suga hyungထံ ပြန်လည် အကြည့်ပို့လိုက်ကာ

"hyung~~~~ ကျွန်..တော်"

သူ့လက်လေးတွေကို ဖွဖွ ဆုပ်ကိုင်ကာ သူ့မျက်ဝန်းတွေစီက လျှံကန်ထွက်လာတဲ့ မျက်ရည်ဥတွေကို လက်တစ်ဖက်ဖြင့် အသာအယာသုတ်ပေးသည်။ ဒီအချိန်မှာ သူ့အတွက်လုံခြုံစိတ်သက်သာရာ ရစေတဲ့ရင်ခွင်တစ်ခုစီပြေးဝင်ခိုလှုံချင်မိပေမဲ့ suga hyungရဲ့ ဒီလောက်အပြုအမူနဲ့တင် သူ စိတ်သက်သာရာရစေပါသည်။

သူဖန်ဆင်းသော (completed)Where stories live. Discover now