28

2.5K 261 33
                                    

"ကလေး"

"......."

အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေဆဲကောင်လေးရဲ့နားသယ်စပ်နားအား ကပ်ကာ ခေါ်နေပေမဲ့ ပိုးတုံးလုံးလေးမှာတော့ လှုပ်ပင်မလှုပ်

"ကလေး ကိုယ့်ကလေးလေး"

"ဟင်.အင်..အင်း...အဲ..."

မျက်လုံးကိုနည်းနည်းလေးတောင် ဖွင့်မကြည့်သေးပဲ ပျင်းကျော ဆန့်ကာ တွန့်လိမ်နေတဲ့ ကလေးငယ်ကို အသည်းယားလာလွန်းလို့ ပါးနှစ်ဖက်အားမွှေးကြူမိတော့သည်။

"ထတော့ကွာ"

"အင်း...အူဝါးး ဘယ်နှစ်နှာရီရှိပြီလဲ"

"လေးနာရီ"

ဟာ မနက်..အစောကြီး..ရှိသေးတာကို ဘာလို့...နှိုးနေတာလဲ.. လူကြီးရာ...က​လေး..အိပ်ချင်..မပြေသေးဘူးလ

"ပေးစရာရှိလို့ ထကွာ"

အိပ်ချင်မပြေသေးတာကြောင့် seokjin အသံမှာ အာလေး လျှာလေး လေး ဖြစ်​နေသည်။

"ဟာ...နောက်မှ.. ပေးလို့..မရဘူးလား"

"မရဘူး ပြင်ရဆင်ရအုန်းမှာနဲ့ဆို နောက်ကျနေပြီကလေးရ"

"ဟမ် ဘာကို ပြင်ရ ဆင်ရ"

"ကဲပါ အပျင်းကြီးမနေနဲ့ မထရင်ကလိထိုးတော့မှာနော်"

"အာ့..ဟာ...လူကြီး...မလုပ်...ယား..တယ်"

ပြောတဲ့အတိုင်း အတင်း ကလိလိုက်ထိုးနေတာမို့ seokjin မထလို့မရတော့ ဒီအတိုင်းသာဆက်အိပ်နေရင်မကြာခင် အူတက်ပြီး​သေ သွားလိမ့်မယ်

"ထပြီ ထပြီ မလုပ်နဲ့တော့"

အိပ်မှုံစုံမွှားနဲ့ ကောက်ထိုင်လိုက်တော့ လူကြီးကခုတင်​ဘေး တင်ပါးလွှဲဝင်ထိုင်ပြီး သူ့ဘောင်းဘီအိတ်ထဲက အရာတစ်ခုကိုဆွဲထုတ်ကာ seokjinလက်ထဲ ထည့်ပေးလာသည်။

"အင့်"

"ဟမ်...ဘာကြီးလဲ"

တွန့်​ကျေ​နေတဲ့ စက္ကူလိပ်တစ်ခုနဲ့ ပတ်ထားတဲ့အထုတ်သေးသေးလေးတစ်ထုပ် သူ့လက်ထဲရောက်လာသည်။

"လက်ဆောင်လေ"

ဘာတဲ့ ဒီစက္ကူစုတ်က လက်ဆောင်တဲ့လား လူကြီးတို့ကဗျာမဆန်တတ်ပုံများ သူများ​တွေများ လက်ဆောင်ပေးရင် အထဲကပစ္စည်းကဘယ်လောက် အဖိုးတန်၏ မတန်၏ မသိခင် တန်ဆာဆင် ထုတ်ပိုးထားတဲ့ ပါကင်နဲ့တင်ဝမ်းသာပီတိဖြစ်ရတာမျိုး အခုသူ့ကျမှ စက္ကူနဲ့ထုတ်ပေးတယ်တဲ့လား

သူဖန်ဆင်းသော (completed)Where stories live. Discover now