Extra

2K 151 21
                                    

ဟာနာ(1)~~

ဒူ(လ်)(2)~~

ဆယ့်(တ်)(3)~~

နယ့်(တ်)(4)~~

ယော်ဆော့(တ်)(5)~~

Jeon အိမ်တော်ရဲ့ Exercise Room ထဲမှအသံများဖြစ်၏။ ညနေခင်း လေ့ကျင့်ခန်း လုပ်နေတဲ့အသံထဲ ပလုံစီအောင်ထွက်နေသော တခစ်ခစ်ရယ်သံချိုချိုလေးများ

"Boki နဲ့ Chokiတော်သင့်ပြီမထင်ဘူးလား ငါ့ယောင်္ကျား မောနေပြီ"

ခါးထောက်ရပ်နေတဲ့seokjin ထံ တစ်ချက်ပင် စောင်းငဲ့ကြည့်မလာတဲ့ သားနဲ့သမီး က အရယ်လဲမပျက်သလို အဆော့လဲမပျက်ကြ ၊ Gyn ဆော့နေတဲ့လူကြီး လက်မောင်းတစ်ဖက်တစ်ချက်စီမှာ တွဲခိုစီးကာ သူ့တို့ဒယ်ဒီလေ့ကျင့်ခန်းလုပ်နေတာကိုလိုက်ရှုပ်ရင်းပျော်နေကြသည်။ ချီပိုးထားရသူ လူကြီးမှာလဲ တစ်ချက်ပင်ညီးသံမကြား သူ့သားနဲ့သမီးအလိုအတိုင်း လိုက်ဆော့ပေးနေလေရဲ့။

သူ့မှာသာ ကလေးတွေပြုတ်ကျမှာ ကြောက်တာတမျိုး လူကြီး လက်မောင်းတွေနာနေမှာ ဆိုးတာတမျိုးနဲ့ စိတ်ပူနေရတာ ဒင်းတို့သားအဖတွေကဖြင့် လူကိုအရေးမလုပ် ဟွန့် ညကျမှ ပါပါးနဲ့အတူတူအိပ်ချင်လို့ပါဆိုပြီး လာချွဲကာမှ ကလေးတွေရော ကလေးကြီးရော ကောင်းကောင်းပညာပေးပစ်အုန်းမည်။

" ဒယ်ဒီ လေယာဥ်ပျံကြီး ထပ်စီးအုန်းမယ် "

"လေယာဥ်ဖိုး အရင်ပေးချေပါMr.Bokiနဲ့ Mrs . Choki "

" မွ "

" လူကြီး ကလေးတွေ ပြုတ်ကျကုန်မယ်လေဗျာ "

ကြည့်နေရင်းက ကစားနည်းပြောင်းသွားပြန်ပြီဖြစ်တဲ့ သုံးယောက် ၊ ကလေးနှစ်ယောက်ကိုသူ့ လက်ဖ၀ါးအကြီးကြီး ပေါ် တင်ကာ ရှေ့တိုးနောက်ဆုတ် လုပ်နေတာကြောင့် Seokjin မနေသာဘဲ ၀င်ပြောရတော့ သည်။ ခုမှ တကယ် ကလေးသုံးယောက်ပေါင်းမိနေတာ

" မင်း ယောင်္ကျားက Jeon Jungkook ပါ ဘာမှစိတ်ပူမနေနဲ့ "

လူကြီးသည် ထိုင်ကြည့်နေတဲ့ seokjin ကို မျက်လုံးတစ်ဖက်မှိတ်ပြကာ သူလုပ်လက်စကို ဆက်လုပ်သည်။ သားနဲ့ သမီးရယ်သံတွေကတော့ အဆက်မပြက်၊ သူ့ဒယ်ဒီ ဆော့ပေးသမျှကို သဘောအကျကြီး ကျနေတဲ့ သားနဲ့သမီးကို ငေးကြည့်မိတော့ မျှမျှတတဖန်ဆင်းပေးထားတဲ့ ဘုရားသခင်ကိုကျေးဇူးတင်ဖို့ သူသတိရသည်။ seokjin နဲ့တူတဲ့သားကြီးရယ် လူကြီး နဲ့ချွတ်စွတ်နီးပါး တူတဲ့သမီးလေးရယ်ကို သူ့ဘဝထဲပို့ပေးခဲ့လို့လေ ။

သူဖန်ဆင်းသော (completed)Where stories live. Discover now