အခန်းအောင်းနေတဲ့ ကောက်စိန်ထက် တစ်ဆင့်မြင့် ကောက်ကောက်စိန်လေးကို သူကြိုက်တတ်တဲ့မုန့်လေးတွေ ၊ အရုပ်လေးတွေ တပွေ့တပိုက်နဲ့ သွားချော့ရမည်။တကယ်တကယ် seokjinအနားမကပ်ရတာနဲ့ သူ့မှာကမ္ဘာတွေပျက်နေလိုက်တာဆိုတာ ထမင်းလဲထွက်မစားဘူး ကျောင်းလဲမတတ်ဘူး ရေလဲမချိုးဘူး အီအီးလဲမပေါက်ဘူး ဆိုပြီး ဘူးတစ်လုံးခံနေတဲ့ကောင်လေးက ဘယ်သူနဲ့တူလို့ ဒီလောက်စိတ်ကောက်တတ်နေမှန်းမသိဘူး မေမေတို့ပြောတာတော့ သူငယ်ငယ်က အရမ်းလိမ္မာတာတဲ့လေ။
"ဖေဖေ့ချစ်သား Bokiလေးရေ"
သူ့အသံကြားမှ စောင်ကို ခေါင်းမြှီးခြုံပစ်လိုက်သေးသည်။ ^ခွေးသားမလွယ်ကျောလေး^ အပြင်မှာတော့သူထိုသို့မပြောရဲပါ အရင်ဘဝက အကြွေးရှင်လေးမို့ ကိုယ်မွေးထားတဲ့ ကိုယ့်သား ဆိုပေမဲ့ ကိုယ်က သူ့ ပြန်ကြောက်နေရသည့်အဖြစ်
"ဒီမှာ ဒယ်ဒီမှာ ဘာတွေပါလာလဲ ကြည့်ပါအုန်း သားကြိုက်တဲ့ အရုပ်တွေဝယ်လာတယ်ဒီမှာကြည့်ပါအုန်းဖြူစွတ်ပြီး လုံးလုံးလေးတွေနဲ့ ချစ်စရာလေးတွေကွာ"
သို့သော်စောင်အောက်က အရစ်လုံးလေးက ခေါင်းပင်ထောင်မလာပါ ဒါဆို ကောက်ကွေးခြင်းရဲ့ နောက်ဆုံးအဆင့်ရောက်နေပြီဆိုတာသေချာသည်။ ဒီအတိုင်းသာ မစားမသောက်ဘဲ နေ နေရင် အရင်တစ်ခါကလို အားနည်းပြီး သတိလစ်တာတွေဘာတွေထိပါဖြစ်လာနိုင်တာမို့ ရှေ့ဖြစ်မဲ့အရေးကို ကြိုသိနေကာ သူအေးဆေးလုပ်နေလို့မရတော့ပေ။ ထိုအခါ အကြံဥာဏ်ထုတ်လိုက်ရသည်က
"မင်း ပါပါးစီသွားချင်လား"
ထိုစကားက နည်းနည်းတော့ လျှာ ယားပါသည်။ တကယ်ဆို ကိုယ့်ကိုတူးတူးခါးခါးဖြစ်နေမလားတောင်မသိတဲ့ကောင်လေးကို အခုလိုသုံးနှုန်းဖို့မသင့်သေးဘူးမလား
"တကယ်လား"
ဘာပဲဖြစ်ဖြစ်အလုပ်ဖြစ်သွားလို့တော်ပါသေးသည်။ ဟို ကောက်ကွေးလေးက စောင်ပုံထဲကနေဝုန်းခနဲထရပ်လာပြီးမျက်လုံးလေးတွေက စိတ်အားထက်သန်မူအပြည့်နဲ့ လက်လက်ထလို့လာသည်လေ ။ သို့သော်
YOU ARE READING
သူဖန်ဆင်းသော (completed)
Fanficအမှားတစ်ခုကနေ အခြေတည်လာတဲ့ လူနှစ်ဦးရဲ့ချည်နှောင်မှုက ဘယ်လောက်တည်မြဲနိုင်မှာလဲ လေပူဖောင်းလေးတွေလိုပဲ သိပ်ကို လှပတယ်လို့ ထင်ရပေမဲ့ တခဏ ဆိုတဲ့အချိန်လေးအတွင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားရတာပါပဲ