10

3K 313 49
                                    

လူ​ကြီးအခန်း ထဲမှခြိုးခြိုးချက်ချက်အသံမပြောနဲ့ အပ်ကျသံပင်မကြားအောင်တိတ်ဆိတ်လျှက်ရှိနေတာမို့ စိုးရိမ်မှုဆိုတဲ့ ခံစားမှုလေးတစ်ချို့ ရင်တွင်းတစ်နေရာမှ ခံစားလိုက်သည်။

^^လူကြီး မနေ့ကလိုအဖျားတွေပြန်တက်နေတာများလား^^

ထိုအခါ တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်ဖို့ မဝင့်မရဲ​ဖြစ်နေတဲ့သူ့လက်လေးတွေမှာ တွန်းအားတစ်ခုခုရလိုက်သလိုမျိုး ရဲတင်းစွာ လူ​ကြီးအခန်းထဲ ဝင်ရောက်လိုက်မိပြီ။

မမလေးရဲ့အကူအညီတောင်းမှုကြောင့် သူ လူ​ကြီးအခန်း​ရှေ့ရောက်​နေခဲ့တာဖြစ်သည် ။ အစောပိုင်း မိနစ်အနည်းငယ်လောက်က သောက်စရာဆန်ပြုတ်ပန်းကန်လေးနဲ့အတူ တွဲစက်ထားတဲ့ဆေးလုံးအချို့ထည့်ထားတဲ့ medicine cup လေးကိုကိုင်ကာ သူ့စီရောက်လာတဲ့မမလေးက လူ​ကြီး အခန်းစီ သူယူလာတဲ့အရာတွေကို သွားပေးပေးဖို့ အကူအညီတောင်းလာသည်။ သူမ ဘာသာ  ဘာလို့မပေးလဲဆိုတော့ သူနဲ့ ရန်ဖြစ်ထားလို့ စကားမပြောတာကြာပြီဖြစ်ပြီး သူမသာ သွားပို့ရင် စားမှမဟုတ်သလို ဆေးလဲသောက်မှာမဟုတ်ဖူးတဲ့လေ  ဝမ်းနည်းရိပ်သန်းနေသလိုမျက်နှာထားနဲ့ပြောလာခဲ့သည်မို့ သူမနေ နိုင်စွာ ကူညီပေးမိပြန်သည်။

သို့သော်ထိုကူညီမှုက သူ့ဘဝကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်ခဲ့မယ်ဆိုတာသာ သူသိခဲ့ရင် သူ့ခြေလှမ်းတွေ တပ်ဆုတ်ဖို့ လုပ်ခဲ့လေမလားပဲ.....

သူ့ ပရောဂကြောင့် ပွင့်အ လာတဲ့အခန်းအတွင်း သူရောက်တော့အပူငွေ့တစ်ချို့ဖြတ်ပြေးနေတဲ့ လေတစ်ချို့ကိုအရင်ရှူရှိုက်လိုက်ရပြီး သူထင်​နေသလို ဖျား​နေလို့ သူ့ကိုခွန်းတုန့်မပြန်နိုင်တာမဟုတ်တဲ့လူ​ကြီးပုံစံကိုမြင်တွေ့လိုက်ရသည်။

"ဟင်"

ခုတင်စွန်းမှာ ကားယားကြီးထိုင်နေတဲ့လူ​ကြီး ဟာ တစ်ခုခုကို အတော်လေးထိန်းချုပ်နေရဟန်ရှိပြီး ခါတိုင်း နဲ့မတူ မဟူရာအနက်ရောင်မျက်ဝန်းတွေကသွေးကြောမျှင်များတန်းကာ ရဲစက်စက်ဖြစ်လို့နေသည်။ ခန္ဓာကိုယ်​ပေါ်က အနက်ရောင်ရှပ်အိကျီ် က လူ​ကြီးအတွင်းသားနဲ့ကပ်ရပ်စွာ ချွေးတွေနဲ့စိုရွှဲနေတာကြောင့်လားမပြောတတ် ကြွက်သားအစိုင်စိုင်တွေဆိုတာ အပေါ်အိကျ်ီ အသားကို ထိုးဖောက်နေသလို အထင်းသားမြင်နေရသည်။

သူဖန်ဆင်းသော (completed)Where stories live. Discover now