5

3K 306 45
                                    

ငါဘာလို့ ပိုပိုကဲကဲတွေ ပြောလိုက်ရတာလဲ တကယ်ဆို သူ့ကိုယ်ရေးကိုယ်တာကိစ္စကို ငါ ဝင်စွက်ဖတ်လို့မှမရတာ၊  သွားတောင်းပန်လိုက်ရင်ကောင်းမလား မဖြစ်သေးပါဘူး ခုနကမှပြောပြီး အခုချက်ချင်းသွားတောင်းပန်လိုက်ရင် အရိုအသေတန်သွားမှာပေါ့ ဟာကျစ်~~စိတ်ရှုပ်လိုက်တာကွာ

ခလွမ်!!!

သူ့ ဒေါသတွေရဲ့ မြေဇာပင် ဖြစ်သွားရရှာတာကတော့ လက်ထဲက phone လေးပင် တကယ်ဆို အခုလောက်ထိပြောလိုက်ဖို့ မရည်ရွယ်ခဲ့ပါ ထိုကောင်လေး ကိုယ်၌က ကောင်လေးနဲ့ ချိန်းတွေ့နေတာကို ဘာမှမဖြစ်သလိုပုံစံနဲ့သူကို ကပ်ကပ်လန်အောင်ပြန်ပြောနေတာက သူ့ဒေါသတွေကို ပိုပြီးလောင်ကျွမ်းလာအောင် လောင်စာထည့် ပေးလိုက်သလိုဖြစ်သွားခဲ့တာ အခုတော့ လက်လွန် ကြက်သွန်ဖြစ်ရုံမက အစို့တွေပါပေါက်ကုန်တဲ့အခြေအနေ ရောက်သွားခဲ့သည်။

ညစာစားဖို့ အောက်ထပ်သို့အဆင်း သူ့အခန်းဘေးက ဟိုကောင်လေးအခန်းစီ မသိမသာ မျက်လုံးလေးဝေ့ကြည့်ပေမဲ့ အခန်းတံခါးကို ပိတ်ထားတာကြောင့် ထိုကောင်လေးရဲ့ အရိပ်အယောင်ပင်မတွေ့ သူမနေနိုင် မထိုင်နိုင် တံခါးနား နားကိုကပ်ကာ အထဲကကောင်လေးရဲ့အသံကို ခိုးနားထောင်ကြည့်မိသည်။

"ဒယ်ဒီ အဲ့ဒါဘာ ရုတ်နေတာယဲ"

ခိုးလုပ်ရင် ပိုသိသည် ဆိုရမလို့ အခန်းထဲကထွက်လာတဲ့ သားက သူ့ကို ပြူးပြူးလေးကြည့်ကာမေးလိုက်တာကြောင့်

"ရှူးးးခွေးသားလေး တိုးတိုးပြောပါဟ"

"သားကခွေးသားလေးဆို ဒယ်ဒီက ယဲခွေးပေါ့"

"အေးဟုတ်တယ် မင်းကလဲ ခွေး မင်းအဖေ ငါကလဲခွေး ငါတို့က ခွေးသားအဖတွေ ဟုတ်ပြီလား"

Jeon Boki တို့ကအဲ့လိုပဲ နေများ နည်းနည်းကောင်းလာရင်အဖေကို ပြန်ပက်ချင်တာ ဘယ်သူ့သွားတူလို့ ဒီလောက်တောင် စွာနေရသလဲမသိပါဘူး

"ဒယ်ဒီဘာယို့ samအခန်းထဲကို ချောင်းနေတာယဲ"

"ချောင်းတယ်လို့မသုံးနှုန်းစမ်းပါနဲ့ကွာစုံစမ်းထောက်လှမ်းတယ်လို့ပြောပါ Jeon Boki ရာ မင်း ဒယ်ဒီကိုထောင်ထဲအရောက်ပို့နေတာလား"

သူဖန်ဆင်းသော (completed)Where stories live. Discover now