20

3.3K 317 32
                                    

နှလုံးသားထဲ ဘယ်အချိန်ကဘယ်လို စီးနင်း ဝင်ရောက်လာခဲ့လဲ မသိပေမဲ့ သတိထားမိတဲ့အချိန်မှာတော့ သူ့ကို အကြီးကြီးချစ်မိနေပြီဆိုတာပင်

အသံလေးကြားရင် မျက်နှာလေးကိုပါ မြင်ချင်မိတာမျိုး ၊ သူ့အပြုံးလေးတွေကြောင့် ကိုယ်ပါအလိုလိုပြုံးနေမိတာမျိုး ၊ သူအနားမှာရှိနေတာကို သဘောကျနှစ်ခြိုက်မိနေတာမျိုးနဲ့ သူ့ဘေးမှာ ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်ယောက်ရှိနေရင် ဒေါသတွေထွက်လာတာမျိုးဟာ နှလုံးသားက အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့ လိုက်ရချိန်မှာ ဖြစ်တည်လာတဲ့ ခံစားချက် အပိုင်းအစတွေပေါ့

သူမသိခင်တုန်းကတော့ ထို မူမမှန်တဲ့ ခံစားမှုတွေရဲ့ ဇစ်မြစ်ကို လိုက်ရှာနေမိတာပေါ့ သို့သော် သူခြေခြေရာရာ မသိခဲ့ရပါ သူ့အနီးနားမှာရှိတဲ့ Woobinကိုမေးတော့လဲ လဒကြီး လှည်းနင်းသလို အို.. အိ.. အ နဲ့ ဘာမှရေရေရာရာထွက်မလာ အခုအချိန်ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးလို့ သူမသိပါဘူးတဲ့လေ အချစ်ဆိုတာ ချိုနဲ့လားလို့တောင် သူ့ကိုပြန်မေးမဲ့ နှစ်တစ်ထောင်FAကြီးကိုမှ သွားမေးမိတာသူ့အမှား

သူကြံရာမရသည့်အဆုံး ရူးကြောင်ကြောင်နဲ့ googleက search barမှာ လူတစ်ယောက်ကိုချစ်မိရင် ခံစားရတဲ့ အရာများဆိုပြီး တီးခေါက်ရှာဖွေ ကြည့်မိသေးသည်။

ကြီးကောင်ကြီးမားနဲ့ ကလေးကလားအလုပ်တွေကိုလုပ်နေမိတဲ့ ကိုယ့်ကိုယ်ကိုတော့ ရယ်ချင်မိသား သို့သော် သိချင်နေတော့လဲ ဘယ်လိုလုပ်မလဲ ရှာရဖွေရတော့တာပေါ့ ကြီးမှ ဝက်သက်ပေါက်ချင်နေတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပါ၏။

သို့သော် သူထိုအကြောင်းအရာရဲ့ အဖြေကို ထို googleဆိုတာကြီးကတစ်ဆင့် သိလိုက်ရသည်ခြင်းမျိုးတော့မဟုတ်ပါ နှလုံးသားကပဲ သူ့နည်းသူ့ဟန်နဲ့သူ ကိုယ့်ကို ပေးသိစေခဲ့ခြင်းသာ

အစက Annaရဲ့လက်ပါးစေလေး ဖြစ်နေမလားဆိုပြီးအမြင်မကြည်ခဲ့တဲ့ကောင်လေးကို အချိန်အနည်းငယ်ကြာတဲ့အခါ ကိုယ် ထင်နေသလိုမဟုတ်ဘူးဆိုတာသိလာသည်။ ကိုယ့်ကိုဆိုအမြဲကပ်ကပ်လန်အောင်ရန်ပြန်တွေ့တတ်သလို တစ်ဖက်မှာလဲ သိပ်ကိုချစ်စရာကောင်းတဲ့အပြုအမူလေးတွေရှိတဲ့ကောင်လေးဟာ အချိန်တိုလေးအတွင်းမှာ တစ်မျိုးလေး ကိုယ့်ရင်ထဲနေရာအပြည့်ယူလာခဲ့သည်လေ

သူဖန်ဆင်းသော (completed)Where stories live. Discover now