8🔺

4.1K 303 78
                                    

ကံကြမ္မာက သာ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ⏳

ဖြစ်မလာသေးတဲ့အနာဂတ်က မျက်လှည့်ဆရာရဲ့လက် တွေဖြစ်ပြီး⏳

ဖုံးကွယ်နေတဲ့အမှန်တရားက ပွဲ ​ကြည့်ပရိသတ်ဖြစ်လိမ့်မည်⏳

°°°°°°°°°°°°°°°°°°°°°°°°°°°

"အကို seokjinနဲ့ Bokiလေးကိုမသိတဲ့သူတွေကို သားအဖလို့ပြောရင်တကယ်ယုံလောက်တယ်နော်"

"အာ..မဟုတ်တာ"

dining roomမှာ Bokiလေးကို ထမင်းကျွေးနေတဲ့ seokjin အနားတစ်ယောက်တစ်ပေါက်နဲ့လာပြောနေကြတဲ့ ယွန်းမီတို့အဖွဲ့ကို သူအငြင်းစကားဆိုလိုက်ခြင်း

ဘယ်နှယ့် သားအဖလို့လာပြောနေရတာလဲ မဟုတ်မဟက်တွေ အလိုမှ Bokiလေးက သူ့ကို ပါပါး ဆိုပြီး လာလာခေါ်နေလို့ မခေါ်ဖို့ အတင်းပြောထားရတာ ကလေးကမသိလို့ခေါ်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်မမလေးရှေ့ကျ မကောင်းဘူးလေ ပြီးတော့ Bokiလေးက တခြားကလေးတွေလို သာမန်ကာလျှံကာမဟုတ် လူကြီးတွေစကားပြောရင်စိတ်ဝင်တစား နားထောင်တတ်ပြီး သူ့ အရွယ်ရှိသလောက်ဥာဏ်လေးနဲ့ တွေး​တောနေတတ်တဲ့ကလေးမျိုး ဘယ်လိုပြောရမလဲ လူကြီးကလေး မျိုးလေးပေါ့ တော်ကြာ သူ​တွေးတတ်သ​လောက်​တွေးရင်း လူကြီးတွေစကားကို တစ်မျိုးတွေးမိသွားမှဖြင့် မျက်နှာပူစရာတွေ ဖြစ်လာမှာ စိုးမိသည်။

"တကယ်ပြောတာအစ်ကိုseokjinရဲ့အစ်ကို့မှာရှိတဲ့နှုတ်ခမ်းဖူးဖူးမျိုးလေးက Bokiမှာလဲရှိတယ် ပြီးတော့လက်ကောက်ကောက်လေးတွေကစ တူတာ"

"ရုပ်တင်မဟုတ်ဘူးနော် အစားအသောက်မတည့်တာချင်းလဲတူတယ် အကို seokjinလိုပဲ Bokiလေးကလဲ ကြက်သွန်ဖြူတို့ အာလူးတို့နဲ့မတည့်ဘူး"

ဒီအိမ်ကိုစရောက်တော့ ဒေါ်ကြီးက seokjin
အတွက်အစားအသောက်စီစဥ်ပေးဖို့ မကြိုက်တဲ့အစားအစာ နဲ့မတည့်တဲ့အစားအစာတွေအကြောင်း မေးထားလို့ seokjin ပြောထားရာက ယွန်းမီတို့ကပါသူနဲ့မတည့်တဲ့ အစားအသောက်​တွေ အကြောင်းသိနေတာဖြစ်သည်။

"ကဲပါ နာမည်တူမရှား လူတူမရှားပဲတူနေတာက မထူးဆန်းပါဘူး နင်တို့ပြောနေတာကိုသာ ဟိုလူကြီးကြားရင် သူ့သားကိုငါနဲ့တူတယ်ပြောရပါမလားဆိုပြီး ငါ့ခေါင်းကိုဆယ်ဘီးကားနဲ့တက်​ကြိတ်နေပါအုန်းမယ်ဟာ အမလေးပြောရင်း ခေါင်းတောင်ကျိမ်းလာသလိုပဲ"

သူဖန်ဆင်းသော (completed)Where stories live. Discover now