35

2.8K 312 32
                                    

ချစ်ရသူရဲ့အငွေ့အသက်တွေ ပျောက်ဆုံးလုနည်းပါး ဖြစ်နေတဲ့ အိပ်ယာထက် ကောင်လေးတစ်ယောက် လဲ​လျောင်းနေခဲ့သည်။ လဲလျောင်းနေတယ်ဆိုပေမဲ့ သူ့မျက်လုံးတွေကမှိတ်မနေ ညှိုးငယ်နေတဲ့ မျက်ဝန်းအနက်ဆံတွေက တစ်ခုခုကို လွမ်းလွမ်းဆွေးဆွေး နဲ့ တမ်းတနေပုံရသည်။

ခါတိုင်းဆို reply မပြန်ပေမဲ့ seen တော့ပြတဲ့ ကောင်လေးက ဒီနေ့မှာတော့ မီးစိမ်းလေးပင်မမြင်ရတာမို့ Jungkook မျှော်လင့်ချက်တွေ အောက်ဆုံးကိုရောက်နေသည်။

^ဘယ်လောက်ထိတောင်စိတ်နာနေလို့ ကိုယ့်စာကိုတောင် ဝင်မကြည့်တော့တာလဲ ကလေးရယ်^

ထိုစဥ် ရုတ်တရက် ထမြည်တဲ့ ph ရယ် contactနေရာမှာ မြင်လိုက်ရတဲ့ ကလေး ဆိုတဲ့စာတန်းလေးကြောင့် Jungkookမှာ မယုံနိုင်ခြင်းများစွာနဲ့ အိပ်ယာထက် ထခုံမတတ်ပင်ဖြစ်သွားသည်။

"ကလေး ကလေးကိုယ့်စီ phခေါ်တယ်နော်"

"အဲ့လောက်ထိမွှန်မနေနဲ့ Jeon Jungkook"

မထင်မှတ်ထားတဲ့ ကလေးphထဲက မိန်းမအသံကြောင့် Jungkook နားမှာကပ်ထားတဲ့ phကို ပြန်ခွာကြည့်မိတော့

"နင့်ကလေးရဲ့ phပါ နင့်ကလေးမဖြေနိုင်သေးလို့ နင့်အရင်မိန်းမ ငါက ဖြေပေးနေတာ "

"Lee Anna မင်း"

"မှတ်မိသေးသားပဲ ဘာလို့ငါ့လက်ထဲ seokjin phရောက်နေလဲ ဆိုတာရော သိချင်သေးလား"

"ငါ့ကလေး ဘယ်မှာလဲ "

"ရှိပါတယ် ငါကသေသေချာချာစောင့်ရှောက်ပေးထားတယ် ပြီးတော့ အဆစ်အနေနဲ့ ငယ်ချစ်ဦးကိုပါ ခေါ်ထားသေးတယ် "

"မင်းဘာတွေလျှောက်လုပ်နေတာလဲ Lee Anna"

"သိချင်လား သိချင်ရင် ငါချိန်းတဲ့နေရာကို လာခဲ့ အော်ပြီးတော့ တစ်ယောက်တည်းလာနော် နောက်မှာလူတွေခေါ်လာရင်တော့ နင့်အသည်းကျော်လေးကို ငါသေချာစောင့်ရှောက်နိုင်ပါ့မလားဆိုတာ မသေချာဘူး "

" Jeon Jungkookအတွက် အဖော်မလိုဘူး တစ်ခုပဲ ငါ့ကလေးကိုယ်ပေါ် ခြင်ကိုက်ရာ တောင်မရှိစေနဲ့ မဟုတ်ရင်ကတော့ မင်းတို့တစ်မျိုးလုံး မြေမြုပ်မီးသ​င်္ဂြိုယ် ခံရမယ်သာမှတ် "

သူဖန်ဆင်းသော (completed)Where stories live. Discover now