Part 1

28.2K 1.4K 35
                                    

လမိုက်ည။

ကောင်းကင်တွင် မိုးသားတိမ်လိပ်တို့ဖြင့်မည်းမှောင်နေ၏။လေပြင်းက တစ်ချက်တစ်ချက်တိုက်ခတ်နေသည်။ကောင်းကင်က မှိုင်းညှို့နေကာ လေထုထဲတွင် မိုးအငွေ့အသက်တို့ ပြည့်လျှံနေသည်။

ကိုးအတွက် အကောင်းဆုံးအခြေအနေဖြစ်သည်။ကိုး မျက်မှောင်ကြုံ့ကာ အိမ်တစ်အိမ်ကို ဖောက်ဝင်လိုက်သည်။ဒီလိုအချိန်ဆို အိမ်ရှင်တွေအကုန် အိပ်ပျော်နေလိမ့်မည်။အိမ်တစ်အိမ်လုံး မည်းမှောင်နေသည်။ကိုး ခြေဖော့ကာ အိမ်ထဲဝင်သည်။အမှောင်ထဲတွင် ကျင့်သားရအောင် အချိန်အတော်ကြာ ငြိမ်သက်စွာနေပြီးမှ ဓာတ်မီးအသေးလေးဖွင့်ကာ ဗီရိုကိုအသာလေးဖွင့်လိုက်သည်။ဗီရိုအံဆွဲထဲတွင် ရွှေလက်ကောက်နှစ်ကွင်းတွေ့သည်။

ကိုး စိတ်ထဲကျေနပ်သွားကာ မျက်လုံးလေးတွေ တောက်ပသွား၏။ရွှေလက်ကောက်နှစ်ကွင်းကို အသာယူပြီး အိတ်ထဲထည့်သည်။ကိုး ဗီရိုတံခါးကို အသာအယာပြန်အပိတ် ကောင်းကင်တစ်ခုလုံး လျှပ်စီးကြောင့် လင်းလက်သွားသည်။ကိုး အသက်အောင့်လိုက်သည်။ထင်သည့်အတိုင်း။

ဂျိမ်းးးးး။

မိုးခြိမ်းသံက ကမ္ဘာ‌မြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။လူသံ သဲ့သဲ့ကြားရသည်။အိမ်ရှင်တွေ နိုးလာပြီထင်သည်။ကိုး အသာလေးအခန်းပြင်ထွက်သည်။

"အမလေး သူခိုး"

အိမ်ရှင်မိန်းမကြီးအသံ ထွက်ပေါ်လာ၏။ဘေးအိမ်တွေရဲ့အသံကိုလည်း ကြားလိုက်ရသည်။ကိုး ခပ်ယဲ့ယဲ့လေးပြုံးပြီး ဘာကိုမှဂရုမစိုက်ဘဲ အုတ်တံတိုင်းကိုခုန်ကျော်ကာ ပြေးတော့သည်။

"သူခိုး သူခိုး"

"လိုက်ကြ"

ကိုး အနောက်မှလူအုပ်ကြီးအသံကြားရသည်။ကိုး အိတ်နဲ့ဓာတ်မီးကို ပစ်ချကာ လူအုပ်ကြီးနှင့် ဝေးနိုင်သမျှ ဝေးဝေးပြေးသည်။ကောင်းကင်က တစ်ချက် တစ်ချက် လင်းလက်သွားသည်။မိုးစက်တွေ မြေပြင်ပေါ်သက်ဆင်းလာသည်။ကိုး နဖူးပြင်တွင်ချွေးသီးချွေးပေါက်များ ချိတ်ဆွဲနေသည်။ကိုး ခြေဖဝါးတွေပေါက်ပြဲကုန်သည်။ခြေဖဝါးမှ နာကျင်မှုကို ခံစားရသည်။ကိုး ခြေထောက်ကို ဂရုမစိုက်အား။ကိုး အခုသိသည်က လူအုပ်ထံမှ လွတ်အောင်ပြေးရမည်ဆိုတာကိုပင်။ကိုး လမ်းကြိုလမ်းကြားမှ တိုးဝှေ့ပြေးသည်။အံတင်းတင်းကြိတ်ပြီး ခေါင်းမော့ကာပြေးသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now