Part 22

7.3K 709 11
                                    

‌"မောင် ထတော့"

မြလင်းသာ ချစ်သောမောင်ကို လှုပ်နိုးလိုက်သည်။ချစ်သောမောင်က မျက်လုံးပွင့်လာပြီး ပြုံးကာ မြလင်းသာလက်လေးကို ဆွဲပြီး ရင်ခွင်ထဲထည့်ဖက်လိုက်သည်။မြလင်းသာ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲသွားပြီး နားရွက်လေးတွေနီရဲသွားသည်။

"မောင် ထပါဆိုကွာ"

"မောင့်ကို နမ်း"

"ဟာ သာကြည်တွေ့သွားမယ်"

"တွေ့ပါစေ နမ်းပါနော် မောင့်ကို မချစ်တော့ဘူးလား"

မြလင်းသာ ရယ်လိုက်ပြီး မောင့်နှုတ်ခမ်းလေးကို ဖျတ်ခနဲနမ်းသည်။မောင်က မြလင်းသာ နမ်းလိုက်တိုင်း ပါးချိုင့်လေးတွေ ခွက်ဝင်သွားသည်အထိ ပြုံးတတ်သည်။အိပ်ယာထဲတွင် မောင်က မြလင်းသာကို ခါးမှတင်းတင်းဖက်ထားပြီး မုတ်ဆိတ်မွေးငုတ်စိလေးတွေနှင့် မြလင်းသာ လည်တိုင်ကို ခပ်ကြမ်းကြမ်းပွတ်သည်။

"ဟား ဟား ယားတယ်လို့ မောင်တော်တော့ ဟား ဟား"

"မောင်လေ မင်းကို ချစ်လိုက်တာကွာ တွေ့နေရတာတောင် လွမ်းသလိုပဲ"

"ဟား ဟား ဟုတ်ပါပြီ ထပါတော့ ပြေးရဦးမယ်"

"အင်း မွမွ ပြွတ်ပြွတ်"

ချစ်သောမောင် မြလင်းသာပါးနှစ်ဖက်ကို ညှစ်ပြီး စူထွက်လာသည့် နှုတ်ခမ်းလေးကို အသံမြည်အောင် နမ်းသည်။မြလင်းသာ ရင်ထဲ ချိုမြိန်သွားပြီး မောင့်ကိုသာ အားကိုးတကြီး ဖက်ထားမိလေသည်။မောင်က မြလင်းသာကို ငုံထားမတတ်ချစ်သည်။

အချိန်ကြာလာတာနှင့်အမျှ ချစ်သောမောင်ရဲ့အချစ်တွေက တစ်နေ့ထက်တစ်နေ့ပိုသည်။ချစ်သောမောင်က မြလင်းသာကို ချစ်တယ်လို့ တဖွဖွပြောတတ်ပြီး ချစ်ကြောင်းကိုလည်း လက်တွေ့သက်သေပြသည်။အဆောင်မှာ ငါးဟင်းကျွေးလျှင် ချစ်သောမောင်က မြလင်းသာအတွက် အရိုးထွင်ပေးသည်။မြလင်းသာ ရေချိုးဖို့အတွက် အင်တုံအပြည့်ရေဆွဲပေးသည်။‌မြလင်းသာ ခြေချင်းဝတ်တွေနာလျှင် နှိပ်နယ်ပေးပြီး မြလင်းသာ အိပ်ခါနီးအချိန်တိုင်း ဘေးမှနေ၍ ညတိုင်းစာအုပ်ဖတ်ပြသည်။ မြလင်းသာ အိပ်ပျော်သွားလျှင် စောင်ကို အဆင်သင့်ခြုံပေးပြီး နဖူးလေးကို ခပ်ဖွဖွနမ်းပြီးမှ မောင်က အိပ်တတ်သည်။မြလင်းသာရဲ့နေ့ရက်တွေက ချစ်သောမောင်မရှိလျှင် မဖြစ်တဲ့အထိ မောင်က မြလင်းသာဘဝထဲ ဝင်ရောက်နေရာယူလာသည်။ဆယ်ကျော်သက် အချစ်ခရီးလေးက သိပ်ကိုလှသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now