Part 6

10.1K 868 5
                                    



ညသန်း‌ခေါင်တွင် လေပြင်း‌တွေတိုက်နေပြီး ကိုး အခန်းပြတင်း‌တံခါးများမှာ တဝုန်းဝုန်းအသံမြည်နေသည်။ကိုး အသံတွေကြောင့် နိုးလာပြီး ပြတင်းပေါက်ပိတ်ရန် ထလိုက်သည်။ကိုး ပြတင်းပေါက်ကိုရောက်တော့ မှန်လုံအိမ်ထဲမှ မီးရောင်လေးကို လှမ်းမြင်လိုက်သည်။

"သခင်လေးက အဲ့အခန်းထဲ အပြင်လူဝင်တာ မကြိုက်ဘူး မင်းလည်း မဝင်ရဘူး"

ကိုး ကြီးမြစကားတွေက နားထဲရောက်လာသည်။ကိုး ပြတင်းပေါက်မှ တဆင့် ခုန်ချကာ မှန်လုံအိမ်အနီးသို့ ခြေဖော့၍ သွားသည်။လေပြင်းတိုက်သံ တဝူးဝူးကြောင့် ပတ်ဝန်းကျင်က ဆူညံနေသည်။ကိုး မှောင်ရိပ်ခိုကာ မှန်ထဲကို ကြည့်သည်။မှန်လုံအိမ်ထဲတွင် ယခင်ကအတိုင်း ခေါင်းရမ်းပန်းနီနီများ အပြည့်ဖူးပွင့်နေပြီး မြလင်းသာက ခေါင်ရမ်းပန်းနီနီများ အလည်တွင် ရပ်နေသည်။ဝါကြင်ကြင်မီးရောင်က မှန်လုံအိမ်တစ်ခုလုံးကို နူးညံ့သည့်အလင်းပေးထားသည်။ညသန်းခေါင်ယံအချိန်တွင် မြလင်းသာ ခေါင်ရမ်းပန်းပွင့်နီနီများအလည်တွင် ရပ်နေပုံက ခြောက်ခြားဖွယ်ကောင်းသည်။

မြလင်းသာက ဝမ်းနည်းနေသည့်မျက်လုံးများနှင့် ခေါင်ရမ်းပန်းပွင့်နီများကို ငေးကြည့်နေသည်။မြလင်းသာက လေးလံသည့်အစိုင်အခဲတစ်ခု ရင်ထဲ သိုဝှက်ထားသလိုမျိုး မျက်နှာအမူအယာက သိပ်ကို ဆွေးမြေ့ဖွယ်ကောင်းသည်။ကိုး မြလင်းသာကို ကြည့်ကာ နှလုံးသားက နာကျင်လာသည်။

ဘာကြောင့်များ ညနက်သန်းခေါင် မြလင်းသာက ဒီနေရာမှာ ရှိနေသလဲ။မြလင်းသာကို ဝမ်းနည်းပူဆွေးအောင် ဘယ်သူကများ လုပ်ရဲသလဲ။ကိုး တွေးရင်း ဒေါသများ ပွက်ပွက်ဆူလာသည်။မြလင်းသာ ဝမ်းနည်းနေဖို့ မပြောနှင့် စိတ်အလိုမကျဖြစ်ပြီး မျက်မှောင်ကြုံ့ရင်တောင် ကိုး စိတ်ထဲ မကျေနပ်။ကိုး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။မြလင်းသာကို ဒီလိုမျက်နှာအမူအယာမျိုး ဖြစ်အောင် လုပ်သူကို တစစီ စုတ်ပြတ်သွားအောင် အမှုန့်ခြေပစ်မည်။

__________

နွေဦး၏လေပြည်ညင်းက မန္တလေးတစ်မြို့လုံးကို လန်းဆန်းသွားစေသည်။ကိုး ထုံးစံအတိုင်း ခြံရှေ့တွင် ရပ်စောင့်နေသည်။မြလင်းသာက ဂျပန်ဘောင်တုတ်စက်ဘီး‌လေးစီးကာ ထွက်လာသည်။မြလင်းသာ လည်တွင် ချိတ်ဆွဲထားသည့် ငွေရောင်stop watch လေးမှာ ‌နေရောင်အောက်တွင် တလက်လက်တောက်ပနေ၏။မြလင်းသာက ကိုးကို ဘူးလေးတစ်ဘူး ပေးသည်။ကိုး ဘူးကိုယူပြီးဖွင့်ကြည့်လိုက်သည်။ဘူးထဲတွင် အားကစားဖိနပ်လေးတစ်ရံရှိနေသည်။ကိုး ဖိနပ်ကို ကိုင်ကြည့်လိုက်သည်။ဖိနပ်က အရည်အသွေးမြင့်ပြီး ခွာအောက်တွင် သံချွန်များပါသည်။ ဒီဖိနပ်က မြလင်းသာ ကိုးအတွက် ဘိလပ်က မှာပေးခဲ့တာဖြစ်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now