Part 27

7.5K 758 192
                                    

ခင်‌မောင် ကိုးကို အရက်ပုလင်းလေး ပစ်ပေးလိုက်သည်။တင်မောင်လွင်က ပဲအကြော်ဆံနှင့် အာလူးကြော်များ ထုတ်လာသည်။အားကစားသမားတွေက ဆေးလိပ်၊အရက်ရှောင်ကြ၍ ကိုးတို့ အရက်မသောက်တတ်။ဒါပေမဲ့ မြလင်းသာ အခန်းတွင် ညအိပ်နိုင်ဖို့ဆို မူးနေမှ ဖြစ်မည်။ကိုး စိတ်ပိုင်းဖြတ်ပြီး အရက်ပုလင်းကို ကိုင်ကာ မော့ချလိုက်သည်။ပူလောင်စူးရှခါးသက်သည့်အရသာက ကိုး ခံတွင်းတစ်ခုလုံးကို မွှေနှောက်သွားပြီး ကိုး မျက်နှာက ရှုံ့မဲ့သွားသည်။

"အားး ခါးလိုက်တာ နံကလည်း နံသေး ဝေါ့"

ကိုး လျှာထုတ်လာပြီး လေတွေအန်ချလိုက်သည်။တင်မောင်လွင်က ကိုးလက်ထဲမှ အရက်ပုလင်းကို ယူကာ ခွက်ထဲထည့်ပြီး လျှာလေးနှင့် တို့ကြည့်သည်။ခါးသက်သက် အရသာကြောင့် တင်မောင်လွင်လည်း ရှုံ့မဲ့သွားသည်။

"ဒီလောက်ခါးတာကို ဘာလို့ သောက်ကြတာလဲ"

တင်မောင်လွင်က ရှုံ့မဲ့ရင်း ပြောသည်။

"ဟ ဘယ်သိမှာတုန်း မိုက်ကိုး ဒါတွေအကုန် မင်းသောက်မှာလား"

"အင်း တစ်ဝက်လောက်ပဲ သောက်မှာ"

"ခါးတယ်ဆို"

"ခါးလည်း သောက်မှာ"

ကိုး ပုလင်းကို ပြန်ယူပြီး 'ဝင်သွားရင် ပြီးရော'ဟု တွေးကာ အမြန်မြိုချလိုက်သည်။ခင်မောင်က အမြည်းတွေကိုသာ ထိုင်စားနေ၏။ကိုး ခေါင်းထဲ နောက်ကျိသွားပြီး ရီဝေဝေဖြစ်လာတော့ စိတ်တွေက ပေါ့ပါးတက်ကြွလာသည်။ကိုး အရက်ပုလင်းကို ယူကာ ထပ်မော့ချလိုက်သည်။ပြီးမှ ထရပ်ကာ အဆောင် အပြင်ဘက်သို့ ဒယီးဒယိုင် လျှောက်သွားသည်။

မြလင်းသာ အခန်းထဲတွင် ထိုင်ကာ စာအုပ်ဖတ်နေသည်။တံခါးဖွင့်သံကြား၍ ကြည့်လိုက်တော့ ကိုးက အခန်းတံခါးဝတွင် မှီကာ မြလင်းသာကို ကြည့်နေသည်။ကိုး မျက်လုံးလေးတွေက ရီဝေမှုန်မှိုင်းနေပြီး မြလင်းသာကို ညှို့ယူနိုင်စွမ်း အပြည့်နှင့် ကြည့်နေ၏။မြလင်းသာ မျက်ခုံးလှုပ်သွားသည်။

"ကိုး မင်း မူးနေတာလား"

"ဟုတ်တယ် ကျွန်တော် မူးနေတယ် ဟင်းဟင်း"

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now