Part 31

7.5K 707 19
                                    

ကိုး မြလင်းသာကို ဖက်ထားရာမှ လွှတ်လိုက်သည်။ရဟတ်ယဉ်တွင်းမှ အမျိုးသားတစ်ယောက်ဆင်းလာ၏။ထိုအမျိုးသားမျက်နှာက မြလင်းသာနှင့်ခပ်ဆင်ဆင်ဖြစ်ပေမဲ့ နေလောင်သည့်အသားအရည်ကြောင့် ပိုပြီးရင့်ကျက်ဟန်ပေါ်သည်။ဆံပင်ကို ဘိုကေကော့ပြန်နေအောင် ခပ်တိုတိုညှပ်ထားကာ အစိမ်း‌ရင့်ရောင် ကုတ်အင်္ကျီရှည်ဝတ်ထားပြီး တောက်ပြောင်သည့် အနက်ရောင်စစ်ဖိနပ်ကို ကျော့ရှင်းစွာ ဝတ်ထားသည်။ကိုးတို့ထံ တစ်လှမ်းချင်း လျှောက်လမ်းလာပုံက ခံ့ညားမှုအပြည့်။

ထိုအမျိုးသားက ကိုးတို့ရှေ့တွင် အရှိန်အဝါအပြည့်နှင့် ရပ်လိုက်ကာ ကိုးကို သေချာစူးစိုက်ကြည့်သည်။ထိုအမျိုးသားက မြလင်းသာထက် အနည်းငယ် အရပ်ပိုရှည်သည်။ကိုးနှင့်ဆို ရွယ်တူ‌လောက်ရှိသည်။ကိုးလည်း ထိုအမျိုးသားကို ကြည့်ပြီး မြလင်းသာကို ကြည့်လိုက်သည်။

"ဒါက ကိုယ့်ညီ မြမင်းသာတဲ့ သူက တပ်ဗိုလ်ချုပ်လေ မြမင်းသာ ဒါက..."

"ဩ ကိုကို ကျွန်တော့်ဆီ အလောတကြီး တယ်လီဖုန်းဆက်ပြီး ရဟတ်ယာဉ်မောင်းခိုင်းတာက ဒီကောင့်ကြောင့်လား"

မြမင်းသာ မျက်လုံးတွေက အလိုမကျသည်မှာ အထင်းသား။မြလင်းသာ ရယ်ကာ နားရွက်လေးကုတ်လိုက်သည်။မြမင်းသာ မြလင်းသာရယ်တာကို တွေ့တော့ မျက်နှာထားက အနည်းငယ်ပြေလျော့သွားသည်။မြလင်းသာ အပြုံးကို မမြင်ရသည်မှာ ဆယ်နှစ်မက ကြာခဲ့ပြီ။အခု မြလင်းသာအပြုံးကို တွေ့တော့ မြမင်းသာ ကျေနပ်မိသည်။

ကိုး နှုတ်ဆက်သည့်အနေနှင့် ခေါင်းလေးညိတ်သည်။မြလင်းသာက 27နှစ်ထဲတွင် ဖြစ်ပြီး မြမင်းသာကတော့ 25နှစ်ထဲတွင်ဖြစ်သည်။မြမင်းသာက 25နှစ်ထဲနှင့် စစ်ရေးတွင် အရေးပါအရာရောက်သည့် စစ်ဗိုလ်ချုပ်ကြီး‌တစ်ယောက် ဖြစ်နေချေပြီ။ဦးမြဆွေက ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ကာ မြလင်းသာနှင့်မြမင်းသာတို့က ခရိုနီသားတွေ ဖြစ်သည်။

မြလင်းသာက ကိုးကို တွဲပြီး အဆောင်ထဲဝင်သည်။မြမင်းသာက ကိုးရဲ့‌ချိုင်းထောက်ကို မကာ နောက်မှ လိုက်သည်။မြလင်းသာ ကိုးကို ကုတင်ပေါ်တင်ပေးသည်။မြမင်းသာက ကိုးကုတင်ဘေးရှိ ခင်မောင့်ကုတင်ပေါ် ထိုင်လိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now