Part 19

7.5K 753 8
                                    

ကိုး လေယာဉ်ပေါ်တက်လာတော့ မြလင်းသာက ထိုင်ခုံပေါ်တွင် ထိုင်နေသည်။‌လေယာဉ်ပြတင်းပေါက်မှ အလင်းရောင်လေးတွေက မြလင်းသာ မျက်နှာလေးကို ပိုပြီး လင်းထင်းစေပြီး ကြည်လင်သွားစေသည်။ကိုး နှုတ်ခမ်းထောင့်လေးတွေက မြလင်းကို မြင်တော့ အလိုလိုကော့တက်သွားသည်။ကိုး မြလင်းသာဘေးတွင် ဝင်ထိုင်သည်။မြလင်းသာက ကိုးကို ပြုံးပြသည်။ကိုးရဲ့ခံစားချက်တွေက အရင်ကနှင့် မတူတော့တာကြောင့် မြလင်းသာ ပြုံးလိုက်တော့ လေထုလေးကတောင် ချိုမြိန်သွား‌ရသည်။

ခင်မောင်နှင့်တင်မောင်လွင်တို့က ကိုးတို့ရဲ့ရှေ့ခုံတွင် ထိုင်သည်။မြလင်းသာက ‌လေယာဉ်ပေါ်ရောက်တာနှင့် အိပ်ချင်နေပြီ။မြလင်းသာ မျက်လုံးလေးတွေ မှိတ်ကာ ထိုင်ခုံကို မှီထားလိုက်သည်။

"ခင်မောင် မင်းငါ့ကိုများ ကြိုက်နေတာလား ဟမ်"

တင်မောင်လွင်ရဲ့ ခပ်စူးစူးအသံကြောင့် ကိုး အာရုံစိုက်လိုက်မိသည်။ခင်မောင်နှင့် တင်မောင်လွင်တို့က ထုံးစံအတိုင်း ငြင်းခုန်နေကြပြန်ပြီ။သူတို့နှစ်ယောက်မှာ ငြင်းခုန်စရာခေါင်းစဉ်တွေက ဘယ်သောအခါမှ ကုန်နိုင်တယ် မရှိ။

"ဘာလို့ ငါကမင်းကို ကြိုက်ရမှာလဲကွ ယောကျာ်းအချင်းချင်း ရွံစရာကောင်းလိုက်တာ"

"ဒါဆို ဘာလို့ ငါ့အပေါ် သေမလို လာမှီနေတာလဲကွာ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ ဖယ် လာမမှီနဲ့"

ကိုး လက်ဖျားတွေ အေးစက်သွားသည်။ကိုး ခင်မောင့်စကားကြောင့် မြလင်းကို အလန့်တကြားကြည့်လိုက်မိသည်။မြလင်းရော ကိုးရော ယောကျာ်းသားဆိုတဲ့အချက်ကို ကိုး ခင်မောင့်စကားကြောင့် သတိထားမိသွားသည်။ကိုး မနေ့ကအထိ မြလင်းသာကို ချစ်မိသွားတာကို သိပ်စဉ်းစားခဲ့တာ မဟုတ်။အခုသေချာ ဆန်းစစ်ကြည့်မှ ကိုး နှလုံးသားထဲ မျှော်လင့်ချက်မဲ့မှုတွေက ပြည့်လျှံကျလာသည်။

ကိုး ချစ်မိနေတာက ယောကျာ်းသား။ဖွင့်ပြောလိုက်ရင်  မုန်းတီးသွားစေမဲ့ သာမန်မဟုတ်သည့် ချစ်မိခြင်းမျိုး။ကိုး ချစ်မိသွားတာကို ပထမဆုံး အနေနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ကိုး ရင်ထဲဝမ်းနည်းမှုတွေက အရှိန်အဟုန်နှင့်တိုးဝင်လာပြီး မြလင်းသာကို ငေးကြည့်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now